ဧဒင်အချစ်ပုံပြင်: အမျိုးသမီးအိမ်သာထဲ ကင်မရာတပ်ခဲ့သော အလယ်တန်းဆရာ ထောင်ကျ

Thursday 2 August 2012

အမျိုးသမီးအိမ်သာထဲ ကင်မရာတပ်ခဲ့သော အလယ်တန်းဆရာ ထောင်ကျ

စင်္ကာပူနိုင်ငံတွင် အလယ်တန်းပြ ဆရာတစ်ဦးဖြစ်သူ အသက်(၃၇)နှစ်အရွယ် အမျိုးသားတစ်ဦးဟာ အမျိုးသမီးသီးသန့် အိမ်သာအတွင်းဝယ် pinhole အမျိုးအစား ကင်မရာငယ်ကို တပ်ဆင်ထားခဲ့တဲ့အတွက် တရားရုံးက ထောင်ဒဏ်(၁၂)လ ကျခံစေရန် ဗုဒ္ဓဟူးနေ့က ပြစ်ဒဏ်ချမှတ်လိုက်သည်။
၎င်းဟာ (၁၄)နှစ်သမီး၏ ကိုယ်တွင်းလွတ်လပ်ခွင့်ကို စွက်ဖက်နိုင်ရန်အလို့ငှါ ယင်းကဲ့သို့ ကင်မရာ တပ်ဆင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းက ထိုကင်မရာများကို မိန်းကလေးအိမ်သာကန့်ငယ် သုံးခုဝယ် တစ်ခုချင်း ဖေဖော်ဝါရီ(၁၄)ရက်နေ့ မနက်ပိုင်း(၇)နာရီလောက်က ဝင်ရောက် တပ်ဆင်ခဲ့တာဖြစ်ကြောင်း သိရသည်။
၎င်းကင်မရာသုံးခုအနက်မှ တစ်ခုဟာ (၁၄)နှစ်သမီး ရေအိမ်အသုံးပြုပုံကို နေ့လည်တစ်နာရီခန့်လောက်မှာ မှတ်တမ်းတင်ထားခဲ့ပြီးနောက် ထိုသူက ထိုကင်မရာများကို ပြန်ဖြုတ်ခဲ့ကာ Jurong West တူးမြောင်းထဲ စွန့်ပစ်ပြီး အစဖျောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Source : Straitstimes

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...