ဧရာဝတီတိုင်း ဒေသကြီး မြန်အောင် မြို့နယ်တွင် ဆိုက္ကား လိုင်စင် များကိုလည်း
ကျပ်နှစ်သောင်း နီးပါး လိုင်စင် ဆောင်ခိုင်းတယ်။ ဆိုက္ကား တစ်စီး
တန်ကြေးက ရှစ်သောင်း လောက်ရှိတယ်။ လိုင်စင်က နှစ်သောင်း လောက်ဖြစ်နေတယ်။
တင်ပြတော့လည်း အမှုဆောင် အရာရှိက ဂရုမစိုက်ဘူး။
မြန်အောင်မှာ နေတာကလည်း ကြာနေပြီ။ လုပ်တာ ကလည်း မြို့နာမဲ့ ကိစ္စတွေပဲ
ရွေးလုပ်တယ်။ အမှိုက်ကားဆို တစ်လ တစ်ခါတောင် မလွှတ်ဘူး။ ကားမောင်းတဲ့သူကို
မေးကြည့်တော့ ဆီမရှိလို့တဲ့။ မြို့က လူထုကလည်း ကိုယ်ထူကိုယ်ထ အမှိုက်ကား
လုပ်ဖို့ ပြင်ဆင် နေကြပြီ။ နောက်လမ်း များကိစ္စ တာကြီးတန်းကို ကတ္တရာခင်းတာ
မကြာသေးဘူး။ ကားကြီးတွေ ထော်လာဂျီ တွေလည်းအမောင်း မခံဘူး။ ဒါတောင်
ခုတော်တော် ပျက်စီးနေပြီ။
အဆိုးဆုံးကတော့ အမဲသား စက်ရုံ လုပ်ခိုင်းထားတဲ့ကိစ္စပဲ။ တစ်နေ့ကို
မြန်အောင်မှာ နွားအကောင်ရေ ၆၀ လောက် သတ်နေတယ်။ အမဲသား ချက် စက်ရုံကို
ညောင်မြစ်ဆွဲ ကျေးရွာမှာ ခွင့်ပြုထားတယ်။ တရားဝင် မ၀င်တော့ မသိဘူး။
မြို့ကလူတွေ သိထားတာကတော့ အဲဒိ စက်ရုံ လုပ်ရင် ကိုယ်ပိုင် နွားမွေးရမယ်။
ခုတော့ ခိုင်းနွားတွေကို သတ်နေကြတယ်။ စက်ရုံက ထွက်တဲ့ အမဲသားခြောက်တွေကို
နယ်ကျော် မပို့ရဘူး။ ဒါပေမဲ့ တရုတ်ပြည် အထိ ပို့နေတယ်လို့သိရတယ်။
သိပ်ကောင်းနေတဲ့ မြန်အောင် စည်ပင်နဲ့ အမှုဆောင် အရာရှိကို
အရေးယူနိုင်ပါရန်နှင့် ခိုင်းနွားများ အသက်ချမ်းသာရာ ရစေရန် မြန်အောင်
မြို့သူ မြို့သားများက တောင်းဆိုလိုက်ပါသည်။
မြန်အောင်မြို့သူမြို့သားများ
No comments:
Post a Comment