ဧဒင်အချစ်ပုံပြင်: Facebook ပေါ်က ဓာတ်ပုံတွေကို အကာအကွယ်ပေးမယ့် McAfee ရဲ့ plug-in သစ်

Thursday, 30 August 2012

Facebook ပေါ်က ဓာတ်ပုံတွေကို အကာအကွယ်ပေးမယ့် McAfee ရဲ့ plug-in သစ်

3060-McAfee-social-protection
McAfee သည် ယခုလ (သြဂုတ်လ) နှောင်းပိုင်းမှ စတင်၍ လူမှုကွန်ယက်ပေါ်မှ သင့်ဓါတ်ပုံများအား ပိုမို စိတ်ချ လုံခြုံစွာ ထားနိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ယင်း လုံခြုံရေးကုမ္ပဏီ အနေဖြင့် Social Protection ဟု အမည်ပေးထားသော ထုတ်ကုန်သစ်တစ်မျိုးကို ဖန်တီးထားပြီး Facebook ပေါ်မှ သင့်ဓာတ်ပုံများကို မည်သူ့ကိုသာ မြင်ခွင့်ပေးမည် ဆိုသည်နှင့် သင့်ဓာတ်ပုံများအား အခြားသူများက download ပြုလုပ် ကူးယူခြင်းမှ ကာကွယ်ပေးသွားမည် ဖြစ်သည်။
Intel နှင့် McAfee ကုမ္ပဏီကြီး နှစ်ခုမှ ပူးပေါင်း ဆောင်ရွက်သော အဆိုပါ browser plug-in သည်
အခြားသူများအနေဖြင့် ယင်း plug-in ကို ၎င်း၏ စက်အတွင်း install ပြုလုပ် မထားမခြင်း သင့်ဓာတ်ပုံများကို မှုန်ဝါးဝါးသာ မြင်တွေ့ရစေမည် ဖြစ်သည်။
Social protection plug-in အသုံးပြုသူ တစ်ဦးအနေဖြင့်လည်း သင့်ဓာတ်ပုံကို မြင်နိုင်မည် ဖြစ်သော်လည်း ယင်းကို download ပြုလုပ် ကူးယူခြင်း ပြုလုပ်နိုင်မည် မဟုတ်ပေ။ ယင်းသည် Facebook ပေါ်မှ ဓာတ်ပုံကို desktop ပေါ်သို့ drag & drop ပြုလုပ် ကူးယူခြင်း မပြုနိုင်အောင် ကာကွယ်ခြင်းထက် များစွာ ပိုမို ရှုပ်ထွေးသည့် နည်းပညာဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ Social protection အနေဖြင့် Facebook ပေါ်မှ သင့်ဓာတ်ပုံအား screenshot (print screen) ဖမ်းယူခြင်း မပြုနိုင်အောင်လည်း ကာကွယ်ပေးပြီး အကယ်၍ screenshot ပြုလုပ်လျှင် အထက်ပုံပါအတိုင်း သင့်ဓာတ်ပုံပေါ်တွင် သော့ခလောက်ပုံပါ အနက်ရောင် အကွက်ဖြင့် ဖုံးအုပ်ပေးထားမည် ဖြစ်သည်။
သင့်ဓာတ်ပုံကို လုံခြုံအောင် ထိန်းသိမ်းပေးသည့် နည်းတူ ယင်း plug-in သည် သင့် ပုဂ္ဂိုလ်ရေးကိုလည်း ကာကွယ်ပေးသွားမည် ဖြစ်သည်။ ယင်း plug-in ၏ မျက်နှာ ပုံသဏ္ဍာန် မှတ်သားနိုင်သော စနစ်သည် သင့် network အတွင်းရှိ တစ်စုံတစ်ယောက်က သင့်အား tag ပြုလုပ်ခြင်း မရှိဘဲ သင်နှင့် ဆင်တူသည်ဟု ထင်ရသော ဓာတ်ပုံတစ်ပုံကို Facebook တွင် တင်ထားပါက သင့်အား အသိပေး အကြောင်းကြားမှု ပြုလုပ်နိုင်သည်။
ထို့ကြောင့် သင့်အနေဖြင့် အခြားသူများအား မမြင်စေလိုသော ဓာတ်ပုံမျိုး ဖြစ်နေပါက အမြန်ဆုံး ဖျက်ပစ်ရန် သင့်မိတ်ဆွေကို လှမ်းပြောနိုင်မည် ဖြစ်သည်။
ယင်း plug-in ကို ယခုလ (သြဂုတ်လ) နှောင်းပိုင်းတွင် PC ကွန်ပျူတာသုံး Internet Explorer ၊ Firefox နှင့် Chrome browser များအတွက် စတင် ဖြန့်ချီပေးသွားမည် ဖြစ်ပြီး ယင်းနောက် မကြာမီတွင် Mac ကွန်ပျူတာများအတွက် ထုတ်လုပ်ပေးသွားမည် ဖြစ်ကာ iOS နှင့် Android သုံး အမျိုးအစားများကိုတော့ ယခုနှစ်ကုန်ပိုင်းတွင် ဖြန့်ချီသွားမည်ဟု သိရသည်။
---

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...