ဧဒင်အချစ်ပုံပြင်: အစိုးရနှင့်ကရင်အမျိုးသားအစည်းအရုံး KNU တို့အကြား ငြိမ်းချမ်းရေးဆိုင်

Saturday 4 August 2012

အစိုးရနှင့်ကရင်အမျိုးသားအစည်းအရုံး KNU တို့အကြား ငြိမ်းချမ်းရေးဆိုင်

အစိုးရနှင့်ကရင်အမျိုးသားအစည်းအရုံး KNU တို့အကြား ငြိမ်းချမ်းရေးဆိုင်
ရာအလွတ်သဘောဆွေးနွေးပွဲ တရပ်ကို ယနေ့နံနက် ၁၁ နာရီခန့်က ကရင်ပြည်နယ်မြ၀တီမြို့တွင်ကျင်းပခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ မြန်မာအစိုးရပြည်ထောင်စုအဆင့်ငြိမ်းချ
မ်းရေးဖေါ်
ဆောင်မှုလုပ်ငန်းကော်မတီဒုဥက္ကဌ ရထားပိုဆောင်ရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းနှင့်လုပ်ငန်းကော်မတီအဖွဲ့ဝင်ဖြစ်သည့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီ၊ပြည်ထောင်စု
ဝန်ကြီးဦးစိုးသိန်းနှင့် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မင်းတို့ တက်ရောက်
ခဲ့ကြသည်။
ယခုလ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့အထိ ကရင်ပြည်နယ်ဘားအံမြို့တွင်ပြု
လုပ်မည့် ဒုတိယအကြိမ်မြောက် ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲခရီးစဉ်နှင့်
ပတ်သက်၍ အလွတ်ဆွေးနွေးကြခြင်းဖြစ်သည်ဟု ယနေ့ဆွေးနွေး ပွဲတွင်
ပါဝင်သည့် KNU ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိ
သူနော်မေဦးမူတရော် ကပြောသည်။
၎င်းက”ဒီနေ့ဆွေးနွေးကြတာက လာမဲ့ခရီးစဉ်အတွက်အလွတ်သဘော
ဆွေးနွေးကြတာပါ”ဟုပေါ်ပြူလာန ယူးစ်ဂျာနယ်သို့ပြောသည်။
ယနေ့ဆွေးနွေးပွဲတွင် KNU ဘက်မှ အထွေထွေအတွင်းရေးမှူးနော်စီဖိုးရာစိန်၊
ပဒိုသောသီဘွဲ၊နော်မေဦးမူတရော် နှင့်စောအောင်ဝင်းရွှေတို့ပါရှိပြီး ဒုတိယ
အကြိမ်ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲသွားရောက်ရန်အတွက် ၎င်းတို့ ၄ ဦး
အပါအ၀င် ကိုယ်စား လှယ် ၉ ဦးရွေးချယ်ထားသည်ဟုသိရသည်။
မြ၀တီမြို့တွင်ပြုလုပ်သည့် အလွတ်သဘောဆွေးနွေးပွဲကို မူလအစီအစဉ်အရ
မဲဆောက်ဘက်တွင် ပြုလုပ်ရန်သတ်မှတ်ထားသော်လည်း ထိုင်းဘက်မှ
ကန့်သတ်မှုအချို့ကြောင့် မြ၀တီတွင်ပြုလုပ်ရခြင်းဖြစ် သည်ဟု ဆွေးနွေးပွဲ
စီစဉ်သူတဦးကပြောသည်။
KNU လက်အောက်ခံတပ်မဟာ ၆ နှင့်တပ်မဟာ ၇ တို့သည် မြန်မာအစိုးရနှင့်
ဆက်သွယ်မည့် ဆက်ဆံရေး ရုံးကိုမြ၀တီမြို့၌ယခုလ ၁၈ ရက်နေ့တွင် ဖွင့်လှစ်ရန်ရှိသည်ဟုလည်း တပ်မဟာ ၇ မှအရာရှိတဦးကပြော သည်။

သတင်း၊ ဓါတ်ပုံ - ရဲရင့်မောင်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...