ဧဒင်အချစ်ပုံပြင်: ဝိုင်းစုခိုင်သိန်းရဲ့မောင်ဖြစ်သူ ကောင်းထိုက်ကျော် အနုပညာကို စိတ်ဝင်စား လာရခြင်းအကြောင်းအရင်း

Thursday, 13 September 2012

ဝိုင်းစုခိုင်သိန်းရဲ့မောင်ဖြစ်သူ ကောင်းထိုက်ကျော် အနုပညာကို စိတ်ဝင်စား လာရခြင်းအကြောင်းအရင်း

အနုပညာ ကို ဝါသနာပါတဲ့အတွက် အသက် ၁၈ နှစ်ပြည့်တဲ့အချိန် ၂ဝ၁၂ ခုနှစ်မှာ အနုပညာလောကကို ဝင်ရောက် လာသူက ကောင်းထိုက်ကျော် ပဲဖြစ်ပါတယ်။ ကောင်းထိုက်ကျော်က သရုပ်ဆောင်၊ အဆိုတော် ဝိုင်းစုခိုင်သိန်းရဲ့ မောင်ဝမ်းကွဲ တော်စပ်သူပါ။ ငှက်ဖျားဆေး ကြော်ငြာဝေါလ်ရှိကို စတင် ရိုက်ကူး ခဲ့ပြီး ဝိုင်းစုခိုင်သိန်းရဲ့ ‘ မျက်လှည့်’ ဗီစီဒီ မှာလည်း ‘ကြောင်’  သီချင်းကို သရုပ်ဆောင်ထားပါ တယ်။ အစ်မဖြစ်သူ ဝိုင်းစုခိုင်သိန်း ကိုအားကျသလို ကိုယ့် ထက်တော်တဲ့သူတွေကို အားကျ တတ်တဲ့ သူတစ်ဦးလည်း ဖြစ်ပါတယ်။ ကောင်းထိုက်ကျော် က Stars & Models  Agency  မှာ မော်ဒယ် သင်တန်း တက်သလို ဦးစောနု ဆီမှာလည်း အဆို သင်တန်း တက်နေကြောင်း သိရပါတယ်။ မော်ဒယ် သင်တန်း တက်လိုက် တဲ့အ တွက် သာမန်လူ နဲ့မတူ တဲ့ စံနမူ ထားသင့်လောက်တဲ့ လူတစ်ယောက်ဖြစ်အောင် နေထိုင် သွားလာဖို့ သတ်မှတ် ထားကြောင်း ပြောပါ တယ် ။ မြူး ဇစ် ပိုင်းမှာ ဂီတ ပုံစံမျိုးစုံ ကို ကြိုက်နှစ်သက် သလို တစ်ကိုယ်တော် အခွေ စီစဉ် သွားဖို့လည်း ကြိုးစား မှာဖြစ်ကြောင်း ပြောပါတယ်။ အစ်မ ဖြစ် သူ ဝိုင်းစု ခိုင်သိန်းရဲ့ ရိုက်ကွင်း တွေကိုလည်း သွားရောက် လေ့လာဖြစ်သလို အစ်မ ကလည်း သင်ကြားပြသပေးကြောင်းကို ” ရုပ်ရှင်တွေ မျိုးစုံကြည့် ပြီး လေ့လာဖြစ်တယ်။ မြန်မာပြည် က ဇာတ်ကားရော၊ နိုင်ငံခြား ဇာတ်ကား လည်းကြည့်တယ်။ အစ်မ ရှုတင် တွေလည်း လိုက်ပြီး လေ့လာတယ်။ ရိုက်ကွင်း မှာ ဆိုရင် သူက ကင်မရာ တွေ လည်း လိုက်ကြည့်
ခိုင်းတယ်။ မင်းသားတွေ အိုက်တင် လုပ်တာတွေ လည်း လေ့လာ ခိုင်းပါတယ်” လို့  ပြောပြီး သရုပ်ဆောင်ပိုင်းနဲ့ အဆိုပိုင်း နှစ်ခု စလုံးကို တစ်ပြိုင်နက် ကြိုးစားလေ့လာသွားမှာ ဖြစ်ကြောင်း ကောင်းထိုက်ကျော် ကပြောပါတယ်။ အနုပညာ ကို ကိုယ်စွမ်း ဥာဏ်စွမ်း ရှိသလောက် ကြိုးစား သွားမှာ ဖြစ်တဲ့ ကောင်းထိုက်ကျော် ရဲ့ အနုပညာ ကို စိတ်ဝင်စား ရခြင်း အကြောင်း အရင်း ကတော့ ” လူရယ် လို့ဖြစ်လာ တဲ့အချိန်မှာ လူ့ဘဝ မှာ လူတန်းစား အလွှာ ပေါင်းစုံမှာ ရှိတဲ့ အခြေ အနေ၊ အကျင့် စရိုက်၊ လက္ခဏာတွေကို အနု ပညာ သရုပ်ဆောင် တစ်ယောက် အနေနဲ့ ကိုယ် ရပ်တည်နေတဲ့ ဘဝမှာ တစ်ခါတည်း သရုပ်ဆောင် ခွင့်ရတဲ့ အတွက် သဘာဝ ကျတဲ့ လုပ်ငန်းလို့ ယူဆ တယ်။ အဲဒါကြောင့် ကျွန်တော် အနုပညာကို စိတ်ဝင်စား တာပါ” လို့ ပြောပြခဲ့ ပါတယ်။
ခိုင်ဝေလွင်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...