ဧဒင်အချစ်ပုံပြင်: “ရှာမှရှား” သီချင်းဗီစီဒီကို ကားသင်္ချိုင်းမှာ ထက်ထက်နဲ့အတူ ရိုက်ကူးခဲ့တဲ့ စန္ဒီမြင့်လွင်

Monday 10 September 2012

“ရှာမှရှား” သီချင်းဗီစီဒီကို ကားသင်္ချိုင်းမှာ ထက်ထက်နဲ့အတူ ရိုက်ကူးခဲ့တဲ့ စန္ဒီမြင့်လွင်

ဘိုဘို အင်တာတိန့်မန့်က ထုတ်လုပ်တဲ့ 'ချီးယား' သီချင်းခွေထဲက 'ရှာမှရှား' သီချင်းကို စန္ဒီမြင့်လွင်၊ Bobby Soxer (ထက်ထက်) တို့က သီဆို ထားပါတယ်။ ဒီသီချင်းအတွက် ဗီစီဒီကိုတော့ ကားသင်္ချိုင်းမှာ စန္ဒီမြင့်လွင်၊ Bobby Soxer (ထက်ထက်) တို့နဲ့ ဒါရိုက်တာ အောင်မြတ်က ရိုက်ကူးခဲ့ပါတယ်။
စန္ဒီမြင့်လွင်က 'ရှာမှရှား' ဗီစီဒီရိုက်ကူးမှုနဲ့ ပတ်သက်ပြီး... "အဲဒီနေ့က ကားတွေ ထပ်ထားတဲ့ အပေါ်ကို ဒေါက်ဖိနပ်နဲ့ တက်ရတော့ ပြုတ်ကျမှာ စိုးရတယ်။ အင်္ကျီကလည်း လယ်သာတွေ ဝတ်ထားတာ၊ နေကလည်း အဲဒီနေ့က တော်တော်ပူနေတာ။ ဒါပေမဲ့ လိုကေးရှင်း အသစ်ဆိုတော့ ကောင်းတယ်။ ကားတွေကို အဆင့်ဆင့် ထပ်ထားတာက ပြိုကျနိုင်တယ်လို့ ပြောတယ်။ ထက်ထက်ဆိုလည်း ကိုရီးယားရက်ပါ ပုံစံလေး ဝတ်ထားတယ်။ နှစ်ယောက်က ပုံစံတော့ မတူဘူး။ ဒီသီချင်းကို လွှမ်းပိုင်က Arrange လုပ်ပေးထားတာ။
ထက်ထက်က အခု ဟစ်ဟော့ပ်၊ ရက်ပ်တွေဆိုရင် တအား မိုက်လာတယ်။ ဒီသီချင်းက ပေါက်သွားတာကို မသိဘူး။ စင်ပေါ်မှာ ဆိုတော့မှ ပရိသတ်က ဒီသီချင်းကို လိုက်ဆိုတယ်။ နောက် Facebook Fun Page မှာ Data ကောက်ကြည့်တော့ ဒီသီချင်းကို တော်တော် ကြိုက်ကြတယ်။ ဆိုပေးဖို့ ပြောတယ်" လို့ ပြောပြပါတယ်။
မိန်းကလေး ရက်ပါနှစ်ယောက် တွဲဆိုထားတဲ့ သီချင်းဖြစ်တဲ့ 'ရှာမှရှား' သီချင်းကို ပရိသတ်တွေ သဘောကျကြတာက အမြင်ဆန်းစေတဲ့အတွက်လို့ ဆိုတဲ့ စန္ဒီမြင့်လွင်က... "ဒီးဒီက နောက်အငယ်တွေထဲမှာ ထက်ထက်နဲ့လည်း ဆိုဖြစ်တယ်။ မိစန္ဒီနဲ့လည်း တွဲပြီး ဆိုဖြစ်တယ်။ အခု ဒီသီချင်း ပေါက်သွားတာကလည်း အတွဲညီတယ် ဆိုတာထက် မိန်းကလေးရက်ပါ သိပ်မရှိတော့ ရှိတဲ့နှစ်ယောက်၊ သုံးယောက်လောက်က တွဲဆိုတဲ့အခါ အမြင်ဆန်းတာပေါ့။ ဒီလို တွဲဆိုတာကို ပရိသတ်တွေက သဘောကျ ကျေနပ်နေကြတယ်" လို့ ပြောပြပါတယ်။ စန္ဒီမြင့်လွင်က 'ရှော့ခ်' ဗီစီဒီကိုလည်း ၁၀ လပိုင်းမှာ ထွက်နိုင်အောင် ကြိုးစား ရိုက်ကူးနေသလို ရှိုးပွဲတွေကိုလည်း ဆက်တိုက် ဆိုဖြစ်နေတယ်လို့ လတ်တလော အနုပညာ လှုပ်ရှားမှုအကြောင်း ပြောပြခဲ့ပါတယ်။
မေမွန်မောင်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...