ဧဒင်အချစ်ပုံပြင်: သောင်းကျန်း သူမ်ားေ ထာင္ထားေ သား မိုင်းပေါက် ကွဲ၍ ကိုယ်ဝန်ဆောင်မိခင် ဒဏ်ရာအပြင်းအထန်ရ

Monday 10 September 2012

သောင်းကျန်း သူမ်ားေ ထာင္ထားေ သား မိုင်းပေါက် ကွဲ၍ ကိုယ်ဝန်ဆောင်မိခင် ဒဏ်ရာအပြင်းအထန်ရ


၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့တွင် ဟိုခို- မင်းကုန်း – ရှမ်းနမ့်ခုံသွား လမ်းဆုံတွင် သောင်းကျန်းသူများ ထောင်ထားသော မိုင်းပေါက်ကွဲမှုကြောင့် မိုင်းလုံမြို့နယ်ခွဲ၊ မန်မော် ကျေးရွာ အုပ်စု၊ တုံကော်ရွာတွင် နေထိုင်သော မပန်းနွယ် (၂၈)နှစ် (ကချင်/ ခရစ်ယာန်) နှင့် မထူးစီ (၂၇) နှစ် (ကချင်/ ခရစ်ယာန်) တို့ ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါသည်။
အဆိုပါ အမျိုးသမီး(၂)ဦးအနက် မပန်းနွယ်မှာ ကိုယ်ဝန်ဆောင်ဖြစ်ပြီး ဒဏ်ရာ ပြင်းထန်သဖြင့် စိုးရိမ်ရသော အခြေအနေဖြစ်ပြီး အခြားတစ်ဦးဖြစ်သူ မထူးစီမှာ မစိုးရိမ်ရသော်လည်း ဒဏ်ရာများစွာ ရရှိခဲ့ပါသည်။
ဒဏ်ရာ ရရှိသူ(၂)ဦးအား မိုင်းလုံတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ၎င်းမှ မိုးကုတ်ပြည်သူ့ ဆေးရုံသို့ ပို့ဆောင် ကုသခဲ့ပါသည်။ လိုအပ်သည့် ဆေးဝါးကုသမှုများ ရရှိစေရန်အတွက် ဒဏ်ရာရရှိသူ (၂)ဦးအား
မန္တလေးပြည့်သူ့ ဆေးရုံသို့ ဆက်လက် ပို့ဆောင် ကုသမှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။







From : Myawady

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...