ဧဒင်အချစ်ပုံပြင်: “အမေရိက မှာတွေ့ခဲ့ တဲ့စိုး သူအေ ကြာင်းပြန်ြေ ပာပြတဲ့ ရန်ေ အာင်”

Monday 3 September 2012

“အမေရိက မှာတွေ့ခဲ့ တဲ့စိုး သူအေ ကြာင်းပြန်ြေ ပာပြတဲ့ ရန်ေ အာင်”

အမေရိကကို ဖျော်ဖြေရေးအဖြစ် ဇွန် ၃ဝရက်နေ့က သွားရောက်ခဲ့ပြီး သြဂုတ် ၂၉ ရက်နေ့မှာ ပြန်ရောက်ခဲ့တဲ့ ရန်အောင်ကို ဖျော်ဖြေပွဲတွေနဲ့ ပတ်သက်ပြီး မေးကြည့်ဖြစ်ခဲ့ ပါတယ်။ ဖျော်ဖြေပွဲမှာ အမေရိကရောက် မြန်မာအဆိုတော်တွေဖြစ်တဲ့ စိုးသူ၊မေဆွိ၊မီမီဝင်းဖေ တို့နဲ့အတူ ဖျော်ဖြေဖြစ်ခဲ့တယ်လို့ ပြောတဲ့ ရန်အောင်က”ဆန်ဖရန်စစ္စကိုကို ၃ဝ ရက်နေ့မှာ စသွားတယ်။ ၂ရက်နေ့ နယူးယောက်မှာ ပွဲရှိတယ်။ နောက် ဆန်ဖရန်စစ္စကို မှာ ၁၁ရက် နေ့ ပွဲလုပ်တယ်။ ၁၈ရက်နေ့ကို LA မှာ လုပ်တယ်။ ၁၉ ရက်နေ့ညမှာ ဗီးဂတ်မှာ စလင်းဒီယွန် ရှိုးပွဲသွားကြည့် တယ်။၂၅ ရက်နေ့ မယ်ရီလန်းကိုသွားရောက် ဖျော်ဖြေကာ ဝါရှင်တန် ဒီစီကိုလျှောက်လည်ပြီး ၂၇
ရက်နေ့ပြန်လာတာ။ဒီကို၂၉ရက်နေ့ ရောက် တယ်။ဖျော်ဖြေပွဲမှာပရိုဂရမ်လေးတွေနဲ့ ဖျော်ဖြေတော့ ပရိသတ်တွေ သဘောကျကြတယ်။ ဖျော်ဖြေပွဲမှာ မဆွေ(မေဆွိ)လည်း ပါဝင်တော့ အရင်တုန်းက ‘မောင်’ဇာတ်ကားထဲမှာ သရုပ်ဆောင်ခဲ့တဲ့ မဆင့်(မေသန်းနု) နဲ့ ကိုယ်က သရုပ်ဆောင်တယ်။ မဆွေ(မေဆွိ)က ‘မောင်’သီချင်းကို ဆိုတယ်။ မဆွေ(မေဆွိ)က ပွဲစဉ် တောက်လျှောက်အကုန်ပါတာ။ နယူးယောက် တ
စ်ပွဲပဲမပါတာ။ မယ်ရီလန်းမှာကျတော့ ကိုစိုးသူနဲ့ မမီမီဝင်းဖေလည်း ပါဝင်ဖျော်ဖြေခဲ့တယ်။ သူတို့က ဧည့်သည်အနေနဲ့ ပါဝင် ဖျော်ဖြေခဲ့တာပါ။ ကိုစိုးသူရော၊ မဆွေ(မေဆွိ)ရော အားပေးကြတယ်။ ပရိသတ်တွေက နောက်ဆုံးအချိန်ထိလုံးဝကို မပြန်ဘူး။ တအား ကို အောင်မြင်ခဲ့တဲ့ခရီးစဉ်ပါ”လို့ ပြောပြခဲ့ပါတယ်။ အမေရိကမှာစိုးသူနဲ့ တွေ့ဆုံစကားပြောဖြစ်ခဲ့သလို မြန်မာနိုင်ငံကိုပြန်လာဖို့လည်း တိုက်တွန်းခဲ့တဲ့ ရန်အောင်က “ကျွန်တော်နဲ့ ကိုစိုးသူနဲ့က မေရီလန်း ပွဲမှာ တွေ့ကြတယ်။ သူက မေရီလန်းမှာနေတာ ဆိုတော့လေ။ ရောက်ရောက်ချင်းညကပဲ သူက ကျွန်တော်တို့ကို ဖိတ်ပြီး ထမင်းကျွေးတယ်။ ပြီးတော့ သူက တအားကိုလွမ်းဆွတ်ပြီးတော့ ကျွန်တော် တို့ကိုလည်းတွေ့ရော ဝမ်းသာပြီးတော့ စကားတွေပြောဖြစ်ကြတယ်။ ပြီးတော့ ကျွန်တော်တို့ကို သူ့အိမ်ကိုခေါ်သွားတယ်။ သူ့အိမ်မှာ အရင်က အကြောင်း ရှေးဟောင်း နှောင်းဖြစ်တွေ ပြောတယ်။ သူသိချင်တဲ့ ရုပ်ရှင်လောက အကြောင်းတွေ၊ အနုပညာ အကြောင်းတွေ ပြောဖြစ်တယ်။ သူကလည်း တော်တော်လေးကို အဆက်ဖြတ်ပစ်လိုက်တာ ဆိုတော့ အဲဒီကိုရောက်ရောက်ချင်း ၂ နှစ်လောက်က သူအဲဒီမှာ နေ့တိုင်းငိုရတယ် တဲ့။ မြန်မာနိုင်ငံကို သူသတိတွေ တအားရလို့ဆိုပြီး၊ လေယာဉ်ပျံကြီး ကို မော့ကြည့်ပြီး လေယာဉ်ပျံ ပျံတက်သွားတာကိုမြင်ရင် သူ့ရဲ့ စိတ်တွေက မြန်မာနိုင်ငံကိုသတိရပြီးတော့ ဘေးကရှိတာတွေကို လက်သီးတွေနဲ့ထိုး၊ အဲဒီလိုမျိုးတွေ လုပ်ဖြစ်တယ်လို့ပြောတယ်။ ကျွန်တော်တို့ကလည်းသူ့ကို မြန်မာနိုင်ငံကို ပြန်လာပါလို့ပေါ့။ ပထမ သူပြောတာက သူ့ သမီးလေးကြီးလာမှလာမယ်ဆိုပြီး သူ့သမီးလေးကြီးမှ ဆိုရင်အခု သမီးလေးက ၆ နှစ်ခွဲပဲ ရှိနေပြီ။ သမီး အသက်ကြီးမှပြန်လာမယ် ဆိုရင် ကိုစိုးသူ တအားနောက်ကျသွားမယ်ဆိုတော့ ရှေ့နှစ်လောက်တော့ လာမယ်လို့သူမှန်းထားတယ်။ အဲဒီမှာ သူက ဧည့်သည်တော်အဖြစ် သီချင်းတစ်ပုဒ်ပဲ ဆိုမယ်လုပ်တာ။သူ တကယ်လည်းဆိုရော ၃ ပုဒ်ကနေ ၄ ပုဒ် ဆိုဖြစ်သွားတယ်။ သူ့ကို ဟိုမှာလည်း ပရိသတ်တွေက အားပေးကြ တယ်။ မြန်မာပြည်မှာဆိုရင် ပရိသတ်တွေက ပိုတောင်အားပေးဦးမယ်။ ကိုစိုး သူ မြန်မာနိုင်ငံကိုပြန်လာခဲ့ပါဦးလို့ ကျွန်တော်ကပဲသူ့ကိုခေါ်တယ်။ သူကလည်း တအားကိုလာချင်နေတယ်။ အခုဟိုမှာကျွန်တော် တို့နဲ့ တွေ့တော့လည်း အနုပညာအကြောင်း တွေပဲပြောဖြစ်ကြတယ်” လို့ပြောပါတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...