ဧဒင်အချစ်ပုံပြင်: အဝေးတစ်နေရာမှ သာဓုခေါ်သံ ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)

Friday 28 September 2012

အဝေးတစ်နေရာမှ သာဓုခေါ်သံ ကျော်သူ (နာရေးကူညီမှုအသင်း - ရန်ကုန်)


နာရေး (သေရေး) အား လူအများ ကြောက်ရွံ့ကြသည်။ မင်္ဂလာမရှိဟု သတ်မှတ်ကြသည်။ သို့သော် လူ့လောကကြီးသည် အငိုဖြင့်စတင်ခဲ့ပြီး အငိုဖြင့်သာ အဆုံးသတ်ကြခြင်းသည် လောကဓမ္မတာဖြစ်သည်။ အငိုဖြင့် ကွယ်လွန်သွားသူများအား အဆင်ပြေစွာ ဘဝကူးကောင်းစေရန် ရည်ရွယ်၍ နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ လူမှုရေးလုပ်ဆောင်ချက်များ၊ ပေးဆပ်မှုများအား ပြည်တွင်း/ပ အလှူရှင်များ၏ စဉ်ဆက် မပြတ် အားပေးကူညီ လှူဒါန်းမှုများအနက် ၂၇.၉.၂ဝ၁၂ (ကြာသပတေးနေ့) နံနက် (၁၁းဝဝ) နာရီအချိန်တွင် နိုင်ငံကျော်ရုပ်ရှင်/ဗီဒီယို သရုပ်ဆောင် ခိုင်သင်းကြည်၏ မွေးနေ့အလှူဒါနအဖြစ် အလှူငွေ (၁ဝ) သိန်းကျပ်တိတိအား ခင်ပွန်းဖြစ်သူ ကိုခန့်နိုင်၊ မိဘနှစ်ပါးနှင့်အတူ လာရောက်လှူဒါန်းခဲ့သည်။



နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ လူမှုရေးလုပ်ငန်းများဖြစ်သည့် နာရေးကူညီမှု၊ ကျန်းမာရေး ဝန်ဆောင်မှု၊ ပညာဒါနသင်တန်းများနှင့် စာကြည့်တိုက်များအား အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေနှင့် အသင်းသူများမှ လိုက်လံရှင်းလင်း ပြသခဲ့ကြပြီး အများပြည်သူတို့ အယူသီးမှု ပပျောက်ရန်နှင့် လူမှုရေးလုပ်ငန်းများအား လူငယ်မျိုးဆက်သစ်များ စိတ်ဝင်စားစေရန် အားပေးအသိအမှတ်ပြုသည့်အနေဖြင့် မအားလပ် သည့်ကြားမှ အချိန်ပေး၍ လာရောက်လှူဒါန်းခဲ့ကြသည့် ရုပ်ရှင်/ဗီဒီယို သရုပ်ဆောင် ခိုင်သင်းကြည် (မိသားစု) တို့၏ မြတ်ဒါနအလှူသည် ကောင်းမှုပေါင်းမြောက်များစွာဖြင့် ပေါင်းစည်းထားသည့်အလှူဒါနပြုခြင်းသည် သံသရာတစ်လျှောက် လျှောက်လှမ်းရမည့်ခရီးလမ်းအ တွက် အမြင့်မြတ်ဆုံးသော ကောင်းမှုကုသိုလ်ပြုသည့် နေ့တစ်နေ့ဖြစ်ခဲ့ပါသည်။

၎င်းလှူဒါန်းမှုသတင်းအား နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ အမေရိကန်နိုင်ငံမှ ကြားသိခဲ့ရ၍ ဦးကျော်သူနှင့် (၇) နှစ်ခန့် အနု ပညာလောကမှ ကွဲကွာခဲ့ရသော အနုပညာမောင်နှမတစ်ဦးမှ လာရောက်လှူဒါန်းသည့်အပေါ် ဦးကျော်သူသည် လက်ရှိအနုပညာ လောက၌မရှိတော့ပေမယ့် လူအများနှင့်ခွဲမရနိုင်သည့် နာရေးကိစ္စရပ်များ လုပ်ဆောင်နေခြင်းအပေါ် လူသားပီသစွာဖြင့် လူသားခြင်းစာနာ စိတ်မွေး၍ မလွန်ဆန်နိုင်သောအနိစ္စတရားခရီးလမ်းကြောင်းအတွက် ကူညီဖေးမလှူဒါန်းမှုပြုလုပ်ပေးခဲ့သော အနုပညာရှင်တစ်ဦးဖြစ်သူ ခိုင်သင်းကြည်နှင့်မိသားစုအား အဝေးမှ သာဓု … သာဓု … သာဓုဟု ခေါ်ဆိုလိုက်ပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...