ဧဒင်အချစ်ပုံပြင်: “၂လပြည့်တော့မယ့် သမီးလေး ‘Key Key’ အကြောင်း ပြောလာတဲ့ မိုးပြည့်ပြည့်မောင်”

Tuesday 27 November 2012

“၂လပြည့်တော့မယ့် သမီးလေး ‘Key Key’ အကြောင်း ပြောလာတဲ့ မိုးပြည့်ပြည့်မောင်”

မိုးပြည့်ပြည့်မောင်ရဲ့ သမီးဦးလေး ‘Key Key’ က (၂)လပြည့်တော့မှာ ဖြစ်ပါတယ်။ သမီးလေး(၂) လပြည့်တော့မှာ ဖြစ်တဲ့အတွက် သမီးရဲ့ အမူအကျင့်ကိုပြောပြတဲ့ မိုးပြည့် ပြည့်မောင်က ”သူကြီးလာတာနဲ့ အမျှသံယော ဇဉ်ပိုတွယ်လာတယ်။ ဗိုက်ထဲမှာရှိတုန်းက သူ့ကို ဂရုစိုက်ပြီးမေတ္တာပို့ရတယ်။ ဒီလောက်ပဲ။ အခုကျတော့ အရင်က ထက်ပိုပြီး စိတ်ပူတယ်။ သမီးလေးရဲ့အပြုအမူက အစ်မ အမျိုးသားရဲ့ အပြုအမူနဲ့တော်တော်တူတယ်။ အိပ်ရင်ချက်ချင်း အိပ်မပျော်တဲ့အကျင့် ကတော့ အစ်မနဲ့ တူတယ်။ကြီးလာရင် ဘယ်လိုဖြစ်မလဲမသိသေးဘူး၊အခုကတော့ တော်တော်များများ သူ့အဖေနဲ့တူတာ များတယ်” လို့ပြောပြခဲ့ပါတယ်။

အကယ်ဒမီပေးပွဲလည်း နီးလာပြီဖြစ်တဲ့အတွက် အနုပညာရှင်တွေအနေနဲ့ ဘယ်သူတွေ ဘယ်လိုပုံစံနဲ့ စုံစုံလင်လင် တက်ရောက်မယ် ဆိုတာကို ပရိသတ်တွေ စိတ်ဝင်စား နေကြပါပြီ။
မိုးပြည့်ပြည့်မောင်က ဒီနှစ် အကယ်ဒမီပေးပွဲကိုတော့ မတက် ရောက်ဖြစ်တဲ့အကြောင်း ဆိုလာပါတယ်။ အကယ်ဒမီပေးမယ့် ရက်က နယ်မှာသီချင်းသွား ဆိုရမယ့်ရက်နဲ့ တိုက်နေတဲ့အတွက် မတက်ဖြစ်တော့ခြင်း ဖြစ်ကြောင်း မိုးပြည့်ပြည့်မောင်က ပြောပါတယ်။
”ရန်ကုန်မှာရှိရင်တော့ တက်ဖြစ်ပါတယ်၊ ဒါပေမဲ့ ဒီဇင်ဘာလမှာ အစ်မအနုပညာအလုပ် ပြန်စလုပ်မှာဆိုတော့ အဲဒီရက်က သီချင်းဆိုဖို့အတွက် နယ်ထွက်တဲ့ ရက်ဖြစ်နေ တယ်၊ အကယ်ဒမီရက်က အစ်မခရီးထွက်တဲ့ရက် ဖြစ်နေတယ်။ အဲဒါကြောင့် ဒီနှစ်အကယ်ဒမီပေးပွဲ အစ်မ မတက်ဖြစ်တော့ဘူး။ အကယ်ဒမီဆုကိုတော့ အစ်မကြား ထားတာက မေသဉ္ဇာဦး၊ ချစ်စနိုးဦး ကြားထားတယ်။ ဒီနှစ် ရန်ကုန်မှာ ပြုလုပ်မှာ ဖြစ်တဲ့အတွက်လည်း ပီတိဖြစ်ရပါတယ်။ နီးနီးနားနား အိမ်ကနေပေါ့ပေါ့ပါးပါး သွားလိုက် ရုံပဲ။ ဝမ်းသာပါတယ် ”လို့ဆိုပါတယ်။ မိုးပြည့် ပြည့်မောင်က ဒီဇင်ဘာလမှာ အနုပညာအလုပ် ပြန်စလုပ်တော့မှာဖြစ်ကြောင်းလည်း ပြောပါတယ်။
တွယ်တာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...