ဧဒင်အချစ်ပုံပြင်: ဘော်လုံးပွဲနောက်ကဓါးထိုးပွဲ

Saturday 1 September 2012

ဘော်လုံးပွဲနောက်ကဓါးထိုးပွဲ

(၅-၈-၂၀၁၂)ရက်နေ့တွင်မယ်တောင်ရပ်တွင်နေထိုင်သောကိုသက်နောင်တို့ဇနီးမောင်နှံသည်PVAရုံးသို့ရောက်ရှိ လာပြီးကိုသက်နောင်အား ကုလားဆိုသူမှဓါးဖြင့်ထိုးခဲ့ခြင်းအတွက်ကူညီဖြေရှင်းပေးပါရန် တိုင်ကြားလာပါသည်။ ဖြစ်စဉ်မှာ(၃-၈-၂၀၁၂)ရက်နေ့တွင်ကုလားနှင့်ကိုသက်နောင်တို့သည်အလုပ်နားချိန်
  ဘော်လုံးကန်ရာမှစတင်ခဲ့ ပါသည်။ကိုသက်နောင်ကန်လိုက်သောဘော်လုံးမှာတဖက်ခြံသို့ရောက်ရှိသွား၍
ကိုသက်နောင်အားဘော်လုံး ကောက်ခိုင်းရာတစိမ်းထိုင်းလူမျိုး၏ခြံဖြစ်နေ၍ချက်ခြင်းမဝင်ရဲကြောင်းနှင့်
ခေတ္တစောင့်ဆိုင်းရန်ကိုသက်နောင်က တောင်းဆိုရာဘော်လုံးပြန်မရရင်သံတုတ်နဲ့တွေ့မယ်ဟုကုလား
ကပြောခဲ့ရာမှစတင်၍စကားများကြပါသည်။ ထိုနောက်ကုလားမှာဘော်လုံးကွင်းထဲမှထွက်ခွာသွားခဲ့ရာ ကိုသက်နောင်ကဘော်လုံးကိုပြန်ကောက်ပြီး ကုလား၏သူငယ်ချင်းရဲရင့်အောင်၏အိမ်သို့သွားရောက်ပေး
ခဲ့ပါသည်။ကိုသက်နောင်ဘော်လုံးပေးပြီးပြန်အလာတွင် ကုလားသည်သူအိမ်ထဲမှဓါးယူထွက်ခဲ့ပြီး
ကိုသက်နောင်အားအကြိမ်ကြိမ်ဆောင့်ကဆောင့်ကထိုးပါသည်။ ကိုသက်နောင်သည်ရင်ဘတ်နှင့်
လက်တို့တွင်ဒဏ်ရာများရရှိခဲ့ရာကျောင်းသားဆေးခန်းသို့သွားရောက်ကုသမှု ခံယူခဲ့ရပါသည်။
ထိုသို့သွားရောက်စဉ်အလုပ်သမားခေါင်းကိုကျော်ခိုင်ကကုလားအားထိန်းသိမ်းထားပြီးပြေလည်
 အောင်ဖြေရှင်းပေးမည်ဖြစ်ကြောင်းနှင့်သာမန်ထိခိုက်မှုသာဖြစ်ကြောင်းထွက်ဆိုရန်ပြောဆိုစည်းရုံးခဲ့ပါသည်။ ၎င်းပြောဆိုသည့်အတိုင်းဆေးခန်းတွင်ထွက်ဆိုပေးခဲ့သော်လည်းဆေးခန်းမှအပြန်တွင်ကုလားမှာထွက်ပြေး
သွား ကြောင်းသိရပြီးသက်သေခံဓါးအားတောင်းဆိုရာမအေးမူဆိုသူကရေကန်ထဲသို့ပစ်လိုက်ကြောင်းသိရ
ပါသည်။ နောက်နေ့တွင်ကိုကျော်ခိုင်နှင့်ကိုအရှည်ကြီးဆိုသူကဆေးဝါးစရိတ်နှင့်နစ်နာကြေးရရန်စီစဉ်ပေး
မည်ဖြစ်၍အမှု မလုပ်ရန်နှင့်ကုလားအားဆက်လက်အလုပ်လုပ်ခွင့်ပြုရန်ပြောဆိုခဲ့ပါသည်။
တဖန်နောက်နေ့တွင်နစ်နာကြေးပေး ရန်မပြောဆိုတော့ပဲဆေးကုသစရိတ်သာစီစဉ်ပေး
မည်ဖြစ်ကြောင်းနှင့်ကြိုက်ရာသို့သွားရောက်အမှုဖွင့်တိုင် တန်းနိုင်ကြောင်းနှင့်ထိုသို့အမှုဖွင့်
တိုင်ပါကစက်ရုံမှာထွက်သွားရန်ဖိအားပေးပြောဆိုခဲ့ပါသဖြင့်PVAရုံးသို့လာရောက် အကူအညီတောင်းခံခြင်းဖြစ်ကြောင်းကိုသက်နောင်ကထွက်ဆိုခဲ့ပါသည်။PVA သည်စက်ရုံကထွက်ခဲ့ရပြီ ဖြစ်သော၎င်းတို့ဇနီးမောင်နှံအားယာယီနေရာထိုင်ခင်းစီစဉ်ပေးခြင်း၊သင့်တော်ရာ
လုပ်ငန်းကိုရှာဖွေပေးခြင်းတို့ အပြင်တရားခံကုလားအားဖမ်းဆီးနိုင်ရေးအတွက်ပါအစီအစဉ်များ
ချမှတ်ဆောင်ရွက်ပေးလျက်ရှိပါသည်။

August 30, 2012

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...