ဧဒင်အချစ်ပုံပြင်: ရုပ်ရှင်အစည်းရုံးတွင် ခိုးကူးခွေများပတ်သက်တဲ့သတင်းစာရှင်းလင်းပွဲ ပြုလုပ်

Saturday 1 September 2012

ရုပ်ရှင်အစည်းရုံးတွင် ခိုးကူးခွေများပတ်သက်တဲ့သတင်းစာရှင်းလင်းပွဲ ပြုလုပ်


မြန်မာနိုင်ငံ ရုပ်ရှင်အစည်းရုံးတွင် ခိုးကူးခွေများနှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်နိုင်ခဲ့။

ရန်ကုန်တိုင်း၊ဗဟန်မြို့နယ်၊၀င်္ကဘာလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံးခမ်းမကြီးထဲတွင် မြန်မာသီချင်း၊မြန်မာ ဇာတ်ကား၊မြန်မာအငြိမ့်၊ ပြဇာတ်များကို ခိုးကူးပြီး စည်းမဲ့၊ ကမ်းမဲ့ရောင်းချဖြန့်ဖြူးနေတာနဲ့ပတ်သက်တဲ့ သတင်း စာရှင်းလင်းပွဲတစ်ရပ်ကို သြဂုတ် ၂၉ - ရက် နေ့လည် ၁း၀၀ နာရီကနေ ၃း၃၀ထိ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံး နာယကကြီးများနှင့် ၊ ဥက္ကဋ္ဌ ဦးဇင်းဝိုင်း၊ ဒု-ဥက္ကဋ္ဌ ရုပ်ရှင် သရုပ်ဆောင် ဦးလူမင်း၊ အခြားသော ရုပ်ရှင်သရုပ်ဆောင်များစွာ၊ မြန်မာနိုင်ငံဂီတအစည်းရုံးက ကိုသားစိုး၊ မဖြူ ဖြူကျော်သိန်းနှင့် အခြားသော ဂီတအဆိုရှင်များစွာ သတင်း၊ စာနယ်ဇင်း၊ မီဒီယာသမားများတို့က တက်ရောက် ဆွေးနွေး မေးမြန်းဖြေဆိုခဲ့ကြသည်။

အဓိကထားပြီးဆွေးနွေးသွားကြတာကတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံးနှင့်ထုတ်လုပ်သူပိုင်ရှင်တို့က ခွင့်မပြုသော မြန်မာသီချင်း၊မြန်မာဇာတ်ကား၊မြန်မာအငြိမ့်၊ ပြဇာတ်များကိုခိုးကူးပြီး စည်းမဲ့၊ ကမ်းမဲ့ ရောင်း ချဖြန့်ဖြူးနေတာနဲ့ပတ်သက်တာတွေကိုပဲ ထိမ်းချုပ်ဖို့၊ ၀ိသမလောဘသမားတွေက မြန်မာမင်းသမီးနှင့်
မော်ဒယ် များ၏ပုံများကို နည်းပညာဖြင့် အသုံးချ၍ စတေကာအမျိုးမျိုး၊ကာဗာအမျိုးတို့နှင့်ဆွဲဆောင်ကာ တရားမ၀င် ရောင်းချနေသော ပုဂ္ဂိုလ်များ၏ အန္တရာယ်ကိုကာကွယ်ဖို့အတွက် ဦးတည်ပြီးဆွေးနွေး
သွားခဲ့ကြပါတယ်။

တရား မ၀င်ဘူးလို့ ပြောရတာက ၁၉၉၆ ဗွီဒီယိုအက်ဥပဒေထုတ်ပြန်ထားတာရှိခဲ့သောကြောင့်ဟု
မြန်မာနိုင်ငံရုပ်ရှင် အစည်းရုံးဥက္ကဋ္ဌဦးဇင်ဝိုင်းမှပြောဆိုခဲ့ပါသည်။

ဒီနေရာမှာတိတိရှင်းရှင်းနှင့် ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် မြန်မာနိုင်ငံရုပ်ရှင် အစည်းရုံးဆိုသည်မှာ ရုပ်ရှင်အနုပညာရှင်၊အတတ်ပညာရှင်များနှင့်လွတ်လပ်စွာ ဖွဲ့စည်းထား သော NGO အဖွဲ့စည်းတစ်ခုသာဖြစ်ပါသည်။

အာဏာပိုင်များဖွဲ့စည်းထားသော အဖွဲ့အစည်းမဟုတ်ကြောင်းကို မြန်မာနိုင်ငံရုပ်ရှင်အစည်းရုံးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်ဝိုင်းမှ အသေးစိတ်ရှင်းလင်းပြောဆိုသွားခဲ့ပါသည်။

ထိုနောက် ခိုးကူး ခွေများ မြန်မာနိုင်ငံနေရာအနှံ့မှာပေါ်ထွက်လာတာနဲ့ပတ်သက်ပြီး ရရှိလာတဲ့အကျိုးတွေကတော့ ဆိုးကျိုးတွေပဲ နေ့စဉ်ရက်ဆက်များပြားလာကြောင်း၊ ဒီလိုခိုးကူးတွေကြောင့်ပဲ မြန်မာနိုင်ငံအနုပညာရှင်ရုပ်ရှင်သရုပ်ဆောင်တွေ အတွက်၊ အဆိုတော်တွေအတွက် ၁၀၀% ပျက်စီးဆုံးရှုံးလာရတဲ့အကြောင်း၊ အခုဆို ဂီတလောကသားထဲက တစ်ယောက် လိုတာထက်ပိုပြီး ပျက်စီးသွားရတာက ဒီခိုးကူးတွေကြောင့်ပဲဆိုတာကို ဘယ်သူမှ ငြင်းခုန်လို့မရ နိုင်ပါဘူး။

အခုလိုဆိုကျိုးတွေဖြစ်နေရတာကလည်း သက်ဆိုင်ရာအာဏာပိုင်တွေအဆင့်ဆင့်မှာရှိနေတဲ့ ပုဂ္ဂိုလ် တွေက ငါတို့မြန်မာနိုင်ငံက အနုပညာရှင်တွေကို ကာကွယ်ရမယ်၊စောင့်ရှောက်ရမယ်၊ကူညီရမယ့်ဆိုတဲ့ စာနာ စိတ်တွေမရှိကြလို့ပါပဲ၊ ကာကွယ်ရမယ့်၊တားဆီးရမယ့် ဥပဒေတွေ ရှိနေရဲ့သားနဲ့ ကာကွယ်မပေးတာ၊တားဆီး မပေးတာကတော့ ကျနော်တို့အနုပညာရှင်တွေအတွက် သိပ်ပြီးကြေကွဲဖို့ကောင်းတာပဲဟု ၄င်းကပဲ ဖွင့်ဆိုသုံး သပ်သွားခဲ့ပါသည်။

ခိုးကူးခွေတွေ ဘယ်လောက်ပေါသလဲဆိုရင် ၂၀၁၂ ခုနှစ်အတွင်း ပြည်နယ်နှင့် တိုင်းအသီးသီးမှ လက်လှမ်းမှီသလောက် ဗီဒီယိုဥပဒေအရ အရေးယူဆောင်ရွက်ခဲ့သော အမှုများကို အကျဉ်းချုပ်ရေတွက်ပြရ မယ်ဆိုရင်တောင် ညစ်ညမ်းခွေက (၃၉၆၇) ခွေ၊ ဆင်ဆာမဲ့နိုင်ငံခြားခွေ (၂၄၃၆၈၀) ခွေ၊ ဆင်ဆာမဲ့ မြန်မာခွေ (၄၉၃၀၇) ခွေ၊ တရားခွေ (၁၂၅၇) ခွေ၊ သီချင်းခွေ (၁၈၀၃၄၇) ခွေ၊ အားလုံးပေါင်း (၄၇၈၅၅၈) ခွေ၊ အမှုအရေ အတွက် (၄၄၃)မှု၊ တရားခံ (၃၇၀)ယောက်ကို ဖမ်းဆီးရမိခဲ့ကြောင်း ဗီဒီယိုအခြေခံအဖွဲ့ (ဗဟို) သို့ပေးပို့လာ သော အမှုစာရင်းအရ သိရှိခဲ့ရပါသည်။

from Burma ( The Power of People) by Niknayman

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...