ဧဒင်အချစ်ပုံပြင်: ငြိမ်းချမ်း ပါစေ ရခိုင်မြေ ပွဲကျင်းပရာ MCC မှာ ကားဝင်ခွင့် မရလို့ လှည့်ပြန် ခဲ့သူ အောင်လ

Saturday 1 September 2012

ငြိမ်းချမ်း ပါစေ ရခိုင်မြေ ပွဲကျင်းပရာ MCC မှာ ကားဝင်ခွင့် မရလို့ လှည့်ပြန် ခဲ့သူ အောင်လ


ငြိမ်းချမ်း ပါစေ ရခိုင်မြေ ဖျော်ဖြေပွဲမှာ ရော့်ခ် တီးဝိုင်းတွေဖြစ်တဲ့ Wanted, Idiots, Reason တို့လည်း ပါဝင်ဖျော်ဖြေဖို့ စီစဉ်ထားပေမယ့် အောင်လတို့ Reason တီးဝိုင်းကတော့ မဖျော်ဖြေလိုက် နိုင်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ အောင်လရဲ့ ကားကို ပေးမဝင်လို့ပဲ ဖြစ်ပါသတဲ့။
အဲဒီဖြစ်စဉ်အပေါ် မေးမြန်းတဲ့အခါ "ကျွန်တော်ရောက်တော့ ည ၇ နာရီလောက်ပဲ ရှိသေးတယ်။ အပြင်မှာ ရပ်ဖို့ကြည့်သေးတယ်။ ကားတန်းကြီးက အရှည်ကြီးပဲ ဘယ်လိုမှ ရပ်လို့မရဘူး၊ ဝန်ကြီးကားပဲ ပေးဝင်မယ်တဲ့။ အဲဒီတုန်းက မိုးလည်းရွာနေတယ်။ ထီးလည်းမပါဘူး၊ လမ်းလျှောက်ပြီးသွားဖို့ကလည်း ဘယ်လိုမှမဖြစ်ဘူး။
ကျွန်တော်ပြောတာက ဒီနားလေးမှာပဲ ရပ်မယ်လို့ ၂ ပုဒ်လောက်ပဲဆိုမှာ၊ ပြီးရင် ပြန်ထွက်ပေးမယ်ဆိုတာ မရဘူးတဲ့။ ရေကြီးလို့လည်း မဟုတ်ဘူး။ အထဲမှာ ကားတွေတောင် ရှိသေးတယ်။ ကျွန်တော် အစောကြီးပဲ ရောက်တယ်။ အဓိပ္ပာယ်တော့ မရှိဘူးဗျ။ သီချင်းဆိုမယ့်လူကိုတော့ ပေးဝင်သင့်တယ်လို့ ထင်ပါတယ်။ ကျွန်တော့် အဖွဲ့သားတွေက ရောက်နေပြီ။ ကျွန်တော့်ကို ပေးမဝင်လို့ ပြန်သွားတာ။ အဲဒီညက ကျွန်တော်တို့လည်း မဆိုဖြစ်ခဲ့ဘူး" လို့ အောင်လက သူ့ရဲ့ရှိုးမဆိုခဲ့ရတဲ့ အကြောင်းကို ပြောပြပါတယ်။
ရဲရဲ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...