ဧဒင်အချစ်ပုံပြင်: သင်္ဘောတစ် ကာတို့ ရဲ့ ထိပ်ခေါင်-The ship of all ships

Sunday 2 September 2012

သင်္ဘောတစ် ကာတို့ ရဲ့ ထိပ်ခေါင်-The ship of all ships


…. ဆိပ်ခံဘော ၄ ခု၊ သင်္ဘောကိုယ်ထည် ၁၈ခုတို့ အား
တင်ဆောင်ကာ တရုတ်နိုင်ငံ နန်တုံဆိပ်ကမ်းမှ တင်ဆောင်ထွက်ခွာလာစဉ်… The ship of all ships: The largest cargo transport ship in the world, the Blue Marlin of Dockwise, carries four pontoons and 18 hulls on its back from Nantong Port, China
အဆိုပါ ဘလူးမာလင်း သင်္ဘောကြီးဟာ ပေ ၇၁၂ ပေရှည်ကာ အနက်၊ စောက် ၁၃၈ ပေရှိကာ သူ့ ရဲ့ ကုန်းပတ်အကျယ်က ဘောလုံးကွင်း ၂ ကွင်းစာလောက်ရှိပါတယ်… ရေမိုင် ၁၃ မိုင်အထိမောင်းနှင်နိုင်ပြီး မြင်းကောင်ရေ ၁၇၀၀၀ အားရှိတဲ့ ဒီဇယ်အင်ဂျင်တပ်ဆင် ထားကာ သင်္ဘောဝန်ထမ်းပေါင်း ၂၄ ဦးရှိပါတယ်… ဒီသင်္ဘောကြီးကိုထိမ်းကျောင်းမောင်းနှင်ရတာဟာ ရေပေါ်မျှောနေသည့် အဆောက်အဦးကြီး တစ်ခုလုံးအား
ထိမ်းရသလိုဖြစ်နေမှာလို့ ဆိုနိုင်ပါတယ်…. အထက်ပါပုံတွင်ပါရှိသည့် တန်ချိန် ၆ သောင်းကျော်ရှိမည့် သင်္ဘောကိုယ်ထည်များနှင့် ဆိပ်ခံ ဘောများဟာ ကိုရီးယားတွင် အကြမ်းထည်ပြုလုပ်ကာ ရိုတာဒမ် သို့ ပို့ ဆောင်ပြီး အချောသတ် တည်ဆောက်မှာဖြစ်ပါတယ်…
တစ်ချို့ သောသင်္ဘောများကိုတော့ မြစ်တွင်းသွားသင်္ဘောများအဖြစ်တည်ဆောက်မှာဖြစ်ပြီး တစ်ချို့ ကိုတော့ ပင်လယ်ပြင်ရေနံတူးခြင်းကဲ့ သို့ သောဆောက်လုပ်ရေးဆိုင်ရာသင်္ဘောများအ ဖြစ်ဖန်တီးတည်ဆောက်မှာဖြစ်ပါတယ်… ဒီသင်္ဘောကြီးပေါ်တွင်တင်ဆောင်ထားသည့် ကုန်ပစ္စည်း ( သင်္ဘော၊ ရေနံတူးစင် ) များအား မ, ချီနိုင်မည့် ကရိန်း၊ ၀န်ချီစက်မရှိတာမို့  ၎င်းသင်္ဘောအား နည်းပညာအသစ်ဖြစ်ဝမ်းဗိုက်ရေသို လှောင်ကန်များအတွင်းရေဖြည့် လိုက်ရုံဖြင့် ကုန်းပါတ်အား ရေအောက်၁၃မီတာအထိနှစ်မြုပ်ထား စေရန်ဖန်တီးတည်ဆောက်ထားပါတယ်… သင်္ဘောများ၊ ရေနံတူးစင်များအား ထိုကုန်းပါတ်ပေါ်တွင် ရပ်တန့် ကာ သိုလှောင်ကန်အတွင်းမှ ရေများ ဖယ်ထုတ်လိုက်ရုံဖြင့်ကုန်တင်သင်္ဘောကြီးပေါ် တင်ပြီးသားဖြစ်သွားမှာဖြစ်ပါတယ်…
Ref:MMseamanunion

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...