ဧဒင်အချစ်ပုံပြင်: ဖရဲနှင့်မြွေပွေးတောင်တွင် အ၀ယ်လိုက်နေသည့် တောင်ကြီးအိမ်ခြံမြေဈေးကွက်

Monday 29 October 2012

ဖရဲနှင့်မြွေပွေးတောင်တွင် အ၀ယ်လိုက်နေသည့် တောင်ကြီးအိမ်ခြံမြေဈေးကွက်

ရှမ်းပြည်တောင်ပိုင်း တောင်ကြီးအိမ်ခြံမြေဈေးကွက်၌ ဖရဲနှင့်မြွေပွေးတောင်ရပ်ကွက်များ၌ ကျပ်သိန်းသောင်းကျော်အထိ အရောင်းအ၀ယ်လိုက်လျှက်ရှိကြောင်း သိရှိရသည်။
 
ဖရဲရပ်ကွက်တွင် ပေ(၄၀×၆၀)မြေတစ်ကွက်လျှင် ကျပ်သိန်း(၁၅၀)မှ(၃၀၀)အကြားရှိပြီး တောင်ကြီးမြို့နှင့်(၁) မိုင်ဝေသောမြွေပွေးတောင်ရွာတွင် ပေ(၅၀)ပတ်လည်မြေတစ်ကွက်လျှင်သိန်း(၂၅)သိန်းမှ (၃၀)အကြားရရှိနေသဖြင့် အ၀ယ်လိုက်နေခြင်းဖြစ်ကြောင်း အကျိုးဆောင် တို့က ဆိုသည်။
 
  “ဖရဲရပ်ကွက်နဲ့မြွေပွေးတောင်ရွာတွေမှာ မြေအရောင်းအ၀ယ်တော်တော်လိုက်နေတယ်၊ဖရဲရပ် ကွက်မှာကြတော့ သိန်းသုံးရာလောက်နဲ့ရသေးတယ်၊မြွေပွေးတောင်မှာ သိန်းအစိတ်ရတော့ လူတွေက လိုက်ဝယ်နေကြတာဟု တောင်ကြီးအိမ်ခြံမြေအကျိုးဆောင် ကိုဇော်ဝင်းထွန်းက ပြောသည်။

 
 
တောင်ကြီးမြို့တွင် မြေနှင့်ပတ်သက်၍ အရှုပ်အရှင်းသိပ်မရှိသောကြောင့် အရောင်းအ၀ယ် ပုံမှန်ဖြစ်လေ့ရှိကြောင်း ကိုလည်း တောင်ကြီးအိမ်ခြံမြေအသိုင်းအ၀ိုင်းက ဆိုသည်။
 
 
တောင်ကြီးမြို့အဓိက လမ်းမကြီးဘေးရှိ အချက်အချာကြသော နေရာတွင် ပေ(၄၀x၆၀)မြေတစ်ကွက်လျှင် ကျပ်သိန်း(၃)သောင်းဝန်းကျင် အထိရှိပြီး၊ တောင်ကြီးမြို့ မဈေး အနီးဝန်းကျင်တွင် ပေ(၄၀x၆၀)မြေတစ်ကွက်လျှင် ကျပ်သိန်း(၃)သောင်းဝန်းကျင် ရှိကြောင်းကိုလည်း သိရှိရသည်။
 
 
တောင်ကြီးမြို့စောစီရပ်ကွက်မီးပုံပျံလွှတ်သော ကွင်းအနီး၌ ပေ(၄၀x၆၀)မြေတစ်ကွက်လျှင် ကျပ်သိန်း(၃)ထောင်ကျော် အထိရှိပြီး၊ရေအေးကွင်းရပ်ကွက်တွင်ပေ(၄၀x၆၀)မြေတစ်ကွက် လျှင်ကျပ်သိန်း(၃၅၀၀)၀န်းကျင်ရှိပြီး၊သစ်တောရပ်ကွက် တွင်ပေ(၇၀)ပတ်လည်မြေတစ်ကွက်လျှင်ကျပ်သိန်း(၃)ထောင်မှ(၃၅၀၀)အထိရှိနေသည်။
 
 
 “တောင်ကြီးမြို့က မြေဈေးကတော့ ကောင်းတယ်၊မြို့ တွင်းထဲမှာဆို သောင်းကျော်တွေပဲ၊ နေလို့ ကောင်းတော့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပိုက်ဆံရှိသူတွေက ၀ယ်နေကြ တာဟု အိမ်ခြံမြေအကျိုးဆောင် ကိုမင်းသူက ပြောသည်။
 
 
တောင်ကြီးမြို့အ၀င်တွင် စစ်တပ်အဆောက်ဦးများ၊ ဆေးရုံနှင့် အစိုးရ၀န်ထမ်းအဆောက် အဦးများကြောင့် ဈေးကွက်မရှိပဲ   တောင်ကြီးမြို့အထွက်ကက္ကူဘုရားဘက်သို့သွားသော လမ်းဘေးတွင် ပေ(၄၀x၆၀)မြေတစ် ကွက်လျှင် ကျပ်သိန်း(၂)ထောင်မှ (၃)ထောင်အထိ ရှိကြောင်းကိုလည်း သိရှိရသည်။
 
 ရှမ်းပြည်တောင်ပိုင်းတောင်ကြီးမြို့သည် အေးမြသာယာလှသော ရာသီဥတုရှိခြင်း၊ မြန်မာ နိုင်ငံ၏ အကျော်ကြားဆုံးမီးပုံပျံပွဲတော် ကျင်းပခြင်းနှင့် အင်းလေးကန်၊ ပင်းတယလှိုင်ဂူတို့နှင့် ဒေသခြင်း ဆက်စပ်မှုရှိခြင်းတို့ကြောင့် စီးပွားရေးသမားများနှင့် အပန်းဖြေနေလိုသူများ မျက်စိ ကျသည့်ဒေသဖြစ်သည်။
 
by-  ငြိမ်းချမ်း(မြစ်မခ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...