ဧဒင်အချစ်ပုံပြင်: "နယူးယောက်မှာ ယှဉ်ပြိုင်နေတဲ့ မြန်မာမော်ဒယ် Nida Taylor (ခေါ်) ယမုံမိုး

Monday 29 October 2012

"နယူးယောက်မှာ ယှဉ်ပြိုင်နေတဲ့ မြန်မာမော်ဒယ် Nida Taylor (ခေါ်) ယမုံမိုး

"နယူးယောက်မှာ ယှဉ်ပြိုင်နေတဲ့ မြန်မာမော်ဒယ် Nida Taylor (ခေါ်) ယမုံမိုး ဒုတိယ နေရာအတွက် ၁ ရက်သာကျန်"

အမေရိကန်နိုင်ငံ၊နယူးယောက်မြို့မှာကျင်းပနေတဲ့ Miss Diaspora Models 2012-2013 International Beauty ပြိုင်ပွဲမှာ Miss Myanmar USA အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာမော်ဒယ် Nida Taylor (ခေါ်) ယမုံမိုးရဲ့ ဖိုင်နယ်ပြိုင်ပွဲမှာနိုဝင်ဘာ၃ရက်နေ့ဖြစ်လို့ ရက်က နီးကပ်လာပြီဖြစ်ပါတယ်။

သူမကို www.facebook.com/

ဝက်ဘ်ဆိုက်မှာလည်း အောက်တိုဘာ၃ဝရက်နေ့အထိမဲပေးနိုင်မှာဖြစ်ပြီးအခုလက်ရှိမှာလည်းမြန်မာနိုင်ငံသူကိုနိုင်စေချင်တဲ့အတွက် မြန်မာပရိသတ်တွေကလည်း တစ်ခဲနက်မဲပေးနေကြပါတယ်။

အောက်တိုဘာ ၂၇ရက်နေ့ ညနေ ၄နာရီခွဲမှာတော့ Miss Myanmar USA က ၄၂ဝ၅ မဲ ရရှိထားပြီး Miss Georgia မော်ဒယ်က ၄၁၉၅ မဲနဲ့ ပရိသတ်တွေ က အပြိုင်အဆိုင်မဲပေး ထားကြပါ တယ်။ ဒုတိယနေရာအတွက် အွန်လိုင်းက မဲပေးဖို့ ၁ရက်သာ ကျန်ရှိတော့ပြီး အနိုင်ရရှိခဲ့တဲ့မော်ဒယ်က Miss Photogenic ဆုကို ရရှိပိုင်ဆိုင်မှာဖြစ် တာကြောင့်ဒီဆုကိုရရှိဖို့အတွက်မြန်မာပရိသတ်တွေရဲ့မဲပေးမှုအပေါ်မှာမူတည်မှာဖြစ်ပါတယ်။ပြိုင်ပွဲဝင်မြန်မာမော်ဒယ် Nida Taylor အတွက် မန္တလေးက မိခင်ဖြစ်သူနဲ့ဆွေမျိုးများက မြန်မာဝတ်စုံများ ချုပ်ပေးထားကြောင်း သိရပါတယ်။

ကမ္ဘာမှာ မြန်မာမိန်းကလေးအဖြစ်ထင်ရှားပေါ်လွင်သွားအောင် မန္တလေး ချိတ်ကို မြန်မာဆန်ဆန် ရင်ဖုံးရိုးရိုးလေးချုပ်ထားတာဖြစ် ကြောင်း
မိခင်ဖြစ်သူကပြောပါတယ်။
ခိုင်ဝေလွင်
ဓါတ်ပုံ - Nida Taylor Facebook မှ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...