ဧဒင်အချစ်ပုံပြင်: နန်းခင်ဇေယျာ အင်္ဂါမနက် ပြန်ရောက်မယ်

Monday 22 October 2012

နန်းခင်ဇေယျာ အင်္ဂါမနက် ပြန်ရောက်မယ်

 နန်းခင်ဇေယျာ (ဓာတ်ပုံ - MI 2012)

 နိုင်ငံတကာမယ်ပွဲတွေကို  မြန်မာပြည်က နှစ်ပေါင်း ၅၀ ကျော်အတွင်း ပထမဆုံးအကြိမ် ၀င်ရောက်ရာမှာ ပြိုင်ပွဲသရဖူ မရခဲ့ပေမယ့် ဆုတချို့ သိမ်းပိုက်နိုင်ခဲ့တဲ့ နန်းခင်ဇေယျာ မနက်ဖြန် ရန်ကုန်ပြန်ရောက်ပါမယ်။





သူ့ရဲ့အပြန်ခရီးစဉ်အကြောင်းကို ဒီရက်ပိုင်းအတွင်း သူ့ရဲ့ အိုကီနာဝါကျွန်းလှုပ်ရှားမှုသတင်းတွေ အဆက်မပြတ် တင်ခဲ့တဲ့ သက်တန့်ချိုရဲ့ စာမျက်နှာမှာ ရေးထားတာကတော့ မနက် ၁၀ နာရီ လေယာဉ်ဆိုက်မယ် လို့ ဆိုတယ်။

တခါတရံ ရန်ကုန်လေဆိပ်ဟာ ပြည်ပက ပြန်လာသူတွေကို ကြိုဆိုကြသူများနဲ့ ပြည့်နှက်နေတတ်ပါတယ်။

မနက်ဖြန် နန်းခင်ဇေယျာရဲ့ အပြန်ခရီးဟာ ဘယ်လို ဖြစ်လာမလဲ။

ဒီမိုကရေစီခေါင်းဆောင်ကို ကြိုဆိုကြတဲ့လူအုပ်ကြီးလိုမျိုးကိုတွေ့ရမလား၊ သို့တည်းမဟုတ်
ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌကြီးဦးသိန်းစိန်ကို ကြိုဆိုကြတဲ့ပရိသတ်အင်အားမျိုးရှိမလားလို့ စဉ်းစားမိကြသူတွေလည်း ရှိမှာပါပဲ။ 

အွန်လိုင်းပရိသတ်ကတော့ သူ့အပြန်ခရီးသတင်းကို လက်ဆင့်ကမ်း အသိပေးကြတဲ့နည်းနဲ့ ကြိုဆိုနေကြတာ တွေ့ရပါတယ်။



No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...