ဧဒင်အချစ်ပုံပြင်:  အသက် ၇၅နှစ်အဖွားအိုတစ်ဦး အဓမ္မပြုကျင့်ခံရ

Monday 22 October 2012

 အသက် ၇၅နှစ်အဖွားအိုတစ်ဦး အဓမ္မပြုကျင့်ခံရ

အသက် ၇၅နှစ်အရွယ် အဖွားအိုတစ်ဦး အဓမ္မပြုကျင့်ခံခဲ့ရမှုကြောင့် ရွှေပြည်သာရဲစခန်းတွင် အမှု ဖွင့်ထားကြောင်း သတင်းရရှိသည်။                 
အောက်တိုဘာလ ၂၀ရက်နေ့တွင် ရွှေပြည်သာမြို့နယ်၊ ၀ါးတစ်ရာ ၂၃ရပ်ကွက်၌ နေထိုင်သည့် ဒေါ်---၇၅နှစ်ဖြစ်သူမှာ နေအိမ်တွင် သမီးဖြစ်သူ မခင်ရွှေတို့ လင်မယား စကားများရန်ဖြစ်နေမှုကြောင့်  သာကေတမြို့နယ်ရှိ သူငယ်ချင်းဖြစ်သူ ဒေါ်စိန်သန်း၏နေအိမ်သို့ ညအိပ် ရန် သွားရောက်ခဲ့ကြောင်း သိရှိရသည်။                                       
ယင်းကဲ့သို့ နေအိမ်သို့သွား ရာတွင် သူငယ်ချင်းဖြစ်သူမှာ မရှိသဖြင့် ၄င်း၏သားဖြစ်သူ ဦး---၊
၄၉နှစ်နှင့်တွေ့ပြီး စကားထိုင် ပြောနေရာမှ ဒေါ်---၊ ၇၅နှစ်ဖြစ်သူက အရက်သောက်ချင်သဖြင့် ၄င်းတို့နှစ်ဦးမှာ အရက်သွားသောက်ခဲ့ကြောင်း သိရသည်။                                 
ထိုသို့အရက်သောက်ပြီး အပြန်တွင် ဦး---၄၉နှစ်မှ ဒေါ်---၇၅နှစ် ဖြစ်သူကို သစ်တုံးများအကြားသို့ ခေါ်သွားပြီး တွန်းလှဲကာ အလိုမတူဘဲ သားမယားအဖြစ် တစ်ကြိမ်ပြုကျင့်ခဲ့ကြောင်း သိရှိရသည်။                          
ထို့နောက် ဦး---၄၉နှစ်မှ ဒေါ် ---၇၅နှစ်အား တွဲခေါ်လာစဉ် လမ်း၌ သားသမီးများနှင့် တွေ့ခဲ့သဖြင့်  ဦး---၄၉နှစ်မှာ ထွက်ပြေးသွားကြောင်း သိရှိရသည်။
အဆိုပါဖြစ်စဉ်ကို ဒေါ်---၊ ၇၅နှစ်ဖြစ်သူမှ ရဲစခန်းသို့ အောက်တိုဘာလ ၂၁ရက်နေ့တွင် လာ ရောက်တိုင်ကြားခဲ့ကြောင်း သိရှိရသည်။
ရွှေပြည်သာမြို့နယ်ရဲခစန်းမှ စခန်းမှူးဖြစ်သူ ရဲအုပ်တင့်နိုင်က '' ကျူးလွန်သွားတယ်လို့ ယူဆရတဲ့ သူက လှိုင်သာယာမြို့နယ်၊ ၂၀ရပ် ကွက်မှာရှိတဲ့ သူ့ရဲ့သူငယ်ချင်းနေအိမ်မှာ ဖမ်းဆီးခဲ့ပါတယ်။ အခု အမှုခိုင်မာအောင် တည်ဆောက်ပြီးတော့ တရားစွဲဆိုတင်ပို့နိုင်ဖို့ ဆောင်ရွက်နေပါတယ်'' ဟု ပြောကြားခဲ့ သည်။                                             
ယင်းကဲ့သို့ ကျူးလွန်သူကို ရွှေပြည်သာရဲစခန်း (ပ)၄၃၄/၂၀၁၂ ပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ပြီး အမှုစစ်မှ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း     သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...