ဧဒင်အချစ်ပုံပြင်: မလေးရှားသံအမတ်ကြီး ဦးဆောင်သည့်အဖွဲ့ ရခိုင်ဒုက္ခသည်စခန်းများသို့ သွားရောက်

Monday 8 October 2012

မလေးရှားသံအမတ်ကြီး ဦးဆောင်သည့်အဖွဲ့ ရခိုင်ဒုက္ခသည်စခန်းများသို့ သွားရောက်

ရခိုင်ပြည်နယ်ရှိ ဘေးဒဏ်သင့်ဒေသမှ ပြည်သူများအတွက်  လူမှုရေးအကူအညီများပေးရန် ရောက်ရှိ နေသည့် မလေးရှားနိုင်ငံသံအမတ်ကြီး H.E>Dr Ahmad Faisal Muhamad ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့မှာ စစ်တွေမြို့နယ်ရှိ ဘေးဒဏ်သင့်ဒုက္ခသည် စခန်းများသို့ အောက်တိုဘာလ(၈)ရက်နေ့က သွားရောက်လေ့လာခဲ့သည်။
 
အဆိုပါသံအမတ်ကြီးသည် အောက်တိုဘာလ(၇)ရက်နေ့က စစ်တွေမြို့သို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိလာ ခြင်းဖြစ်ပြီး ၄င်းနှင့်အတူ ဘာသာရေးအသင်းအဖွဲ့ များမှ ခေါင်းဆောင်များအပါအဝင် (၄၅) ဦး ပါဝင်သည်။
 
ယနေ့နံနက်ပိုင်းက  ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ လွှတ်တော်ခန်းမ၌  မကြာမီကာလအတွင်းက   ဖြစ်ပွားခဲ့သောဖြစ်စဉ်များအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်က  သံအမတ်ကြီးအပါအဝင် ကိုယ်စားလှယ်အဖွဲ့အား  ပရိုဂျက်တာဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်းကိုလည်း သိရသည်။
မိုးဝေ ရခိုင်ပြည်နယ် (မြစ်မခ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...