ဧဒင်အချစ်ပုံပြင်: ဆေးရုံ တိုးချဲ့ဆောက်လုပ်ရာမှ ငြမ်းပြုတ်ကျပြီး လူ ခုနှစ်ဦး သေဆုံး

Monday 8 October 2012

ဆေးရုံ တိုးချဲ့ဆောက်လုပ်ရာမှ ငြမ်းပြုတ်ကျပြီး လူ ခုနှစ်ဦး သေဆုံး

ဆေးရုံ တိုးချဲ့ဆောက်ရာမှ ငြိမ်းပြုကျပြီး လူ ခုနှစ်ဦး သေဆုံးကာ သုံးဦး ပြင်းထန်စွာ ဒဏ်ရာ
ရရှိသွားသော ဖြစ်ရပ်တခု အောက်တိုဘာလ ၃ ရက်နေ့ နေ့လည် ၃ နာရီခန့်က ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊
ပြည်တော်သာရပ်ကွက်၊ ကြံ့ခိုင်ရေးလမ်းရှိ မန္တလာဆေးရုံတွင် ဖြစ်ပွားခဲ့သည်။

“ငြိမ်းပြိုကျပြီး သုံးယောက်က on the spot (ပွဲချင်းပြီး)၊ ကျန်တဲ့သူတွေက ဆေးရုံရောက်မှ ဆုံးတာ” ဟု တောင်ကြီး အမှတ် ၁ ရဲစခန်းမှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

ဆောက်လုပ်ရေးလုပ်ငန်းအတွင်း ဘိလပ်မြေအိုးကြီးအား အပေါ်သို့ ငြမ်းဖြင့် သယ်ရာမှ ငြမ်းများ ပြုတ်ကျကာ
အောက်တွင် အလုပ်လုပ်နေသော အမျိုးသမီး နှစ်ဦး၊ အမျိုးသား တဦးမှာ အခင်းဖြစ်ရာနေရာတွင် သေဆုံးခဲ့သည်။ ကျန်အမျိုးသမီး နှစ်ဦးနှင့် အမျိုးသား နှစ်ဦးမှာ တောင်ကြီး စဝ်စံထွန်း ဆေးရုံ ရောက်ချိန်တွင် သေဆုံးခဲ့သည်။ ထို့ပြင် အခြား သုံးယောက်မှာလည်း
အတွင်းလူနာအဖြစ် ကုသခံနေရပြီး စိုးရိမ်ဖွယ် အခြေအနေတွင် ရှိကြောင်း အဆိုပါ ရဲအရာရှိက ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဆိုက် တာဝန်ခံနှင့် ထွန်းသီရိ ဆောက်လုပ်ရေးမှ တာဝန်ရှိသူ စုစုပေါင်း သုံးဦးအား
တောင်ကြီးမြို့ အမှတ် ၁ ရဲစခန်းမှ ပြစ်မှုဆိုင်ရာပုဒ်မ ၃၄၀-က/၃၃၈ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက် ရှိသည်။

မန္တလာဆေးရုံကို ဧပြီလမှ စတင်၍ တိုးချဲ့ဆောက်လုပ်နေခြင်းဖြစ်သည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...