ဧဒင်အချစ်ပုံပြင်: တစ်မိနစ်ကို နှစ်ရာကျပ်ဖြင့် နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုနိုင်ရန်စီစဉ်

Monday 8 October 2012

တစ်မိနစ်ကို နှစ်ရာကျပ်ဖြင့် နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုနိုင်ရန်စီစဉ်

ရတနာပုံ Call Center ၊ VMG ကုမ္ပဏီနှင့်Y-talk Calling စနစ်တို့ ပူးပေါင်းပြီး တစ်မိနစ်ကို နှစ်ရာကျပ်နှုန်းဖြင့် နိုင်ငံတကာသို့ ခေါ်ဆောင်နိုင်ရန် သတ်မှတ်ထားပြီးဖြစ်ကြောင်း Blue Ocean တာဝန်ရှိသူတစ်ဦးက ပြောခဲ့သည်။
နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုလိုသူက အင်တာနက်ဆိုင်သို့ အင်တာနက်ဆိုင် သွားစရာမလိုဘဲ ရတနာပုံ Call Center ၏ ကုဒ်နံပါတ်အသစ်ဖြစ်သည့် ၁၈၇၇ သို့ ဖုန်းခေါ်ဆိုကာ မိမိခေါ်ဆိုလိုသော နိုင်ငံနှင့် ဖုန်းနံပါတ်တို့ကို Operator မှတဆင့် ခေါ်ဆိုနိုင်ကြောင်း သိရသည်။
ယင်းဝန်ဆောင်မှုအတွက် နည်းပညာပိုင်းဆိုင်ရာကို နောက်ဆုံးအနေနဲ့ တရားဝင်ရရှိနိုင်ဖို့ VMG ကုမ္ပဏီနဲ့ စာချုပ်ပိုင်းဆိုင်ရာ ဆွေးနွေးဖို့ ကျန်ရှိနေသေးကြောင်း သိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...