ဧဒင်အချစ်ပုံပြင်: “လှေပေါ်တွင် ရောင်းစားခံခဲ့ရသူ ၃ဦး နေရပ်သို့ပြန်ပြီ”

Saturday 6 October 2012

“လှေပေါ်တွင် ရောင်းစားခံခဲ့ရသူ ၃ဦး နေရပ်သို့ပြန်ပြီ”


အောက်တိုဘာ ၆
အောင်ခန့်
       စက်တင်ဘာလ ၁၁ ရက်နေ့က  လူကုန်ကူးမှု ပူးပေါင်းအဖွဲ့များများကယ်တင်ခဲ့ သည့် ချောင်း စမေစံ(ခ) အချောင် လှေဆိပ်မှ ငါးဖမ်းအလုပ် သမား ၃ဦးတို့ ယမန်နေ့က  မြဝတီလူကုန်ကူး မှုတား ဆီးနှိမ်နင်းရေးအဖွဲ့သို့ ရောက် ရှိပြီး ယနေ့ နေ ရပ်ရင်းသို့ ပြန်ကြ ပြီဖြစ်ကြောင်းသိရသည်။
                 ပြန်ပို့ခံရသူများမှာ ပဲခူးတိုင်း၊ပြည် ခရိုင်၊ အပေါင်မြို့မှ ကိုသတ္တိ၊ ကရင်ပြည်နယ်၊ မြဝတီမြို့မှ ကိုသန့်ဇင်ဦး နှင့် ပဲခူးတိုင်း၊ အုတ်ဖိုမြို့မှ ကိုသီဟကျော် တို့ဖြစ်ကြသည်။
၎င်းတို့ထဲမှ ကိုသတ္တိက“ကျနော်တို့ကို လှေပေါ်ကလာကယ်ထုတ်ပေးခဲ့ကြတဲ့ MAT အဖွဲ့မှ ဒါရိုက်တာ ဦးကျော်သောင်း နဲ့ ကိုစိုင်းအေးတို့ကိုအရမ်းကျေးဇူးတင်ပါတယ်၊ ကိုယ့်ရဲ့အမိမြန်မာနိုင်ငံတော်၊
ကိုယ့်ရဲ့  မွေးရပ်မြေကို ပြန် ရောက်သွားတဲ့အတွက် အရမ်းဝမ်းသာမိပါတယ်”ဟု ပြောသွားခဲ့ပါသည်။
၎င်းလူကုန်ကူးခံရသော အလုပ်သမားများကို ပြန်မပို့မှီ သက်သေအဖြစ် ပထုံဌာနီကယ်ဆယ်ရေးစခန်းတွင် တစ်ပတ်ကြာနေခဲ့ရသည်။ ထိုမှ IDC အချုပ်ခန်းသို့ ရောက်လာခဲ့သည်၊ အချုပ်ခန်းတွင် နှစ်ပတ်ကြာနေ ခဲ့ရပြီးမှ မြန်မာနိုင်ငံနယ်စပ် မြဝတီသို့ရောက်ရှိခဲ့သည်။
                MAT အဖွဲ့မှ ထိုင်းဘာသာပြန် ကိုစိုင်းအေးက“ကျနော်တို့ မြန်မာအ လုပ်သမားတွေဘက် ကတော့အားလုံးအရှုံးကြီးပါဘဲ လှေပေါ်မှာလုပ်နေတုန်းကလည်းဘာတစ်ပြားတစ်ချပ်မှမရခဲ့ဘူး၊ လှေပေါ်မှ
ကယ်ထုတ်လာတော့လည်း သက်သေဆိုပြီးတော့ ကယ်ဆယ်ရေးစခန်းမှာ လချီပြီးတော့ နေရတယ်။ ကျနော်တို့ အဖွဲ့ကယ်တဲ့အထဲမှာ သူတို့သုံးယောက်က ကံကောင်းပါတယ်။ သိပ် အကြာကြီးမနေ ခဲ့ရဘူး ကျန်တဲ့လူတွေဆိုရင် အနည်းဆုံး ၃လ ၄လလောက်ကြာကြတယ်။ ထိုင်းနိုင်ငံလူ ကုန်ကူးမှုတိုက်ဖျက် ရေး ဥပဒေက အလုပ်သမားတွေဘက်က ကာကွယ်ပေးတာထက် လုပ်ငန်းရှင်တွေဘက်က ကာကွယ်တာနဲ့ တူနေပါတယ်” ဟုပြောသွားခဲ့သည်။

    အလားတူဖြစ်ရမျိုး စက်တင်ဘာ ၂၁ရက်နေ့တွင် ထိုင်းနိုင်ငံနယ်စပ် မြဝတီမြို့သို့လူကုန်ကူးမှုပူးပေါင်း အဖွဲ့များ ကယ်တင်ခဲ့သည့် ငါးဖမ်းအလုပ်သမား အယောက် ၂၀ကို ပြန်လည်ပိုနိုင်ခဲ့သည်။
၎င်းတို့ကို ထိုင်းနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ AHTD၊ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT၊ဖန်ငအခြေစိုက် ပညာရေးနှင့်ဖွံ့ဖြိုးရေးဖါင်ဒေး ရှင်း FED နှင့် ဘန်ကောက်မြို့ မြန်မာသံရုံး အလုပ်သမားကူညီစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူး ဦးနိုင်ထွန်းတို့ ပူးပေါင်းကယ်တင်ခဲ့ကြသော အလုပ်သမားများဖြစ်သည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...