ဧဒင်အချစ်ပုံပြင်: ကမ္ဘာ့ဈေးအကြီးဆုံး အကြွေစေ့

Monday 22 October 2012

ကမ္ဘာ့ဈေးအကြီးဆုံး အကြွေစေ့



ကမ္ဘာ့ဈေးအကြီးဆုံး အကြွေစေ့အဖြစ် အမေရိကန်နိုင်ငံမှ ပထမဆုံး ထုတ်ဝေခဲ့သော Flowing Hair dollar မှ စံချိန်တင်ထားသည်။

၁၇၉၄ ခုနှစ်မှ ၁၇၉၅ ခုနှစ်အတွင်း ထုတ်ဝေခဲ့သော (အကြွေစေ့) ဒေါ်လာ ဖြစ်သည်။ စပိန်နိုင်ငံ၏ ဒေါ်လာကို အခြေခံကာ ဖန်တီးထားပြီး ဒီဇိုင်နာ Robert Scot ၏လက်ရာ ဖြစ်သည်။ အမေရိကန် ငွေတိုက် ဝန်ကြီး Alexander Hamilton အကြံပေးမှုကြောင့် ပထမဆုံး ဖြစ်ပေါ်လာသော အမေရိကန်တို့၏ ဒေါ်လာ ငွေကြေး ဖြစ် သည်။ ငွေ ၉၀ ရာခိုင်နှုန်း၊ ကြေးနီ ၁၀ ရာခိုင်နှုန်းဖြင့် ဖွဲ့စည်း တည်ဆောက် ထားသည်။


တစ်ဖက်တွင် လစ်ဘာတီ နတ်သမီး ခေါင်းနှင့် တစ်ဖက်တွင် သိမ်းငှက်ပုံ သဏ္ဍန် ပုံသွင်းပြုလုပ်ထားသည်။ ခေတ်ကာလ ကြာလာသည်နှင့် အမျှ ယင်းအကြွေစေ့များ မကျန်ရှိတော့ပေ။

 ၂၀၀၅ ခုနှစ်က တစ်စေ့သာ ကျန်ရှိသော Flowing Hair ဒေါ်လာကို အမေရိကန်ဒေါ်လာ ၇.၈၅ သန်းဖြင့် ရောင်းချခဲ့သည်။ ထို့ကြောင့် Flowing Hair Dollar မှာ ကမ္ဘာ့အဈေးအကြီးဆုံး အကြွေစေ့အဖြစ် စံချိန်တင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
by- innewsmyanmar

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...