မိခင်မှ
သန္ဓေလောင်းသို့HIV ကူးစက်မှုနှုန်း လျှော့ချရန် မြို့နယ် ပေါင်း ၂ဝဝ
ကျော်နှင့် ဆေးရုံပေါင်း ၃ဝ ကျော်တို့တွင် ဆောင်ရွက်နေ သည့်
ပရောဂျက်စီမံကိန်းအရေ တွ့ ရှိချက်ကို ကိုးကားကာ ၄င်းက အ ထက်ပါအတိုင်း
ပြောကြားခဲ့ခြင်း ဖြစ်သည်။ ဒေါက်တာမြင့်ရွှေ၏ အဆိုအရ ကိုယ်ဝန်သည်ကHIV ရှိ
မရှိ သွေး စစ်ရန် ၈ဝ ရာခိုင်နှု န်း လာဆွေးနွေးမှု ရှိနေသော်လည်း အမှန်တကယ်
၆ဝ ရာခိုင်နှုန်းခန့်သာ သွေးစစ်သွား ကြောင်း၊ ထိုထဲမှ ၅ဝ ရာခိုင်နှုန်း
ခန့်သာ သွေးစစ်အဖြေကိုလာယူနေ သည်ဟု
ပြောသည်။”ဒီပမာဏရှိနေတာကို ကျွန် တော် တို့အားမရသေးပါဘူး” ဟု ဒေါက်တာမြင့်ရွှေက ဆက်ပြော သည်။ယခင်က စီမံချက်ထဲတွင်HIV ပိုးရှိသော မိခင်လောင်း တို့ကို သာ ဦးတည်ထားသော်လည်း၊ နောက်ပိုင်းတွင် ပိုးမရှိသော မိခင် လောင်းတို့ကိုပါ ဦးတည်၍ ထည့် သွင်းသွားရန် အစီအစဉ်လည်း ရှိ သည်ဟု ကျန်းမာရေးဝ န်ကြီးဌာန ကူးစက်ရောဂါကာကွယ်ထိန်းချုပ် ရေးဌာနမှ သိရသည်။ ရောဂါပိုးရှိသူနှင့် လိင်ဆက် ဆံ၍ ကူးစက်ခြင်း၊ မူးယစ်ဆေး ထိုးခြင်းဖြင့် ကူးစက်ခြင်း၊သွေးသွင်း ခြင်းကြောင့် ကူးစက်ခြင်း၊ ရောဂါပိုး ရှိသူမိခင်မှ သန္ဓေလောင်းသို့HIV ပိုးကူးစက်ခြင်းတွင် မိခင်မှ သန္ဓေ လောင်းသို့ ကူးစက်ခြင်းမှာမူ အရေ အတွက်နည်းပါးကြောင်း HIV/AIDSအရေး ဆောင်ရွက်ရ သူတို့ ထံမှ သိရသည်။
P News
No comments:
Post a Comment