ဧဒင်အချစ်ပုံပြင်: "အကယ်ဒမီပေးပွဲမှာ မြန်မာ့ရိုးရာ ဝတ်စုံကို အရိုးဆုံး ဖြစ်အောင် ဝတ်မယ့် ထွန်းအိန္ဒြာဗို"

Tuesday 27 November 2012

"အကယ်ဒမီပေးပွဲမှာ မြန်မာ့ရိုးရာ ဝတ်စုံကို အရိုးဆုံး ဖြစ်အောင် ဝတ်မယ့် ထွန်းအိန္ဒြာဗို"

Photo: "အကယ်ဒမီပေးပွဲမှာ မြန်မာ့ရိုးရာ ဝတ်စုံကို အရိုးဆုံး ဖြစ်အောင် ဝတ်မယ့် ထွန်းအိန္ဒြာဗို"

ထွန်းအိန္ဒြာဗိုက ဒီနှစ် အကယ်ဒမီပေး ပွဲကို ရန်ကုန်မှာ ကျင်းပတဲ့ အတွက် တအား ပျော်စရာကောင်းကြောင်း ပြောပါတယ်။ ဒီနှစ် အကယ်ဒမီ ပွဲအတွက် နေပြည်တော် Sky Palace ဟိုတယ်က ညီအစ်မ အရင်းလို ခင်နေတဲ့ ဒေါ်သိန်းသိန်းနိုင်က ချိတ်တွေ စပွန်ဆာ ပေးမှာဖြစ်ပြီး ဒီဇိုင်နာ လတ်လတ်က ဝတ်စုံ ချုပ်ပေးမှာဖြစ်ကြောင်း  ပြောပါ တယ်။ 

အကယ်ဒမီ ပေးပွဲနဲ့ ပတ်သက်ပြီး ထွန်းအိန္ဒြာဗိုက “အခုက တီဗီချန်နယ်တွေ က တိုက်ရိုက် လွှင့် တာတွေ ဖြစ်နေတော့၊ ကိုယ့်လောကသားလေးပဲ စုစု စည်းစည်းနဲ့ ကျင်းပ တာကို ပိုကြိုက်ပါတယ်။ အပြင်ကို လက်မှတ်ရောင်း ရင်လည်း စည်ကမ်းတကျ ဖြစ်ဖို့ လိုပါတယ်။ လာတက်တဲ့သူတွေ အားလုံးက နိုင်ငံတ်ာပွဲ ဖြစ်တဲ့ အတွက်   နိုင်ငံတော် နဲ့ အညီ ဝတ်စား ဆင်ယင် လာကြမှာလေ။ ပွဲထဲရောက်တော့ စိန်တွေပြုတ်ကျ၊ ဆံထိုးတွေ ပြုတ်ကျ၊ ဆံထုံးတွေရွဲ၊ ဖိနပ်တွေ အနင်းခံရ တော့ စိတ်အနှောင့် အယှက်တော့ အများကြီးဖြစ်ရတယ်” လို့ ပြောပါတယ်။ 

အကယ်ဒမီ ဖက်ရှင် ဒီဇိုင်းကတော့ အရိုးဆုံးပဲ ဖြစ်အောင် ဝတ်မှာဖြစ်ပြီး မြန်မာ့ ရိုးရာ ဝတ်စုံဝတ်ရင်ပို သင့်တော် တဲ့အတွက် မြန်မာ့ရိုးရာ ဝတ်စုံကိုပဲ အရိုးဆုံးဖြစ်အောင် ဝတ်မှာ ဖြစ်ကြောင်း ပြောပါတယ်။ သူ့အနေနဲ့ အကယ်ဒမီ စာရင်းဝင်ဇာတ်ကားတွေကို စုံအောင်မကြည့်ရသေးတဲ့ အတွက် ဘယ်သူတွေ ဆုရမယ်ဆိုတာကို မခန့်မှန်းတတ် ကြောင်း၊ ဟာသဇာတ်ကားတွေ များတဲ့ အတွက် ဆုရွေးချယ်ရေး အဖွဲ့က ဆုရွေးချယ်တဲ့အခါ ပိုပြီးခေါင်းရိုက် ရ မှာဖြစ်ကြောင်း ပြောပါတယ်။ လောလောဆယ် ဇာတ်ကားရိုက်နားထားတာ ၂လလောက်ရှိပြီဖြစ်ကြောင်း၊ တန်ဆောင် မုန်းလပြည့်နေ့မှာ ကျင်းပမယ့် Charity Liveအတွက်ပဲ ရှိနေကြောင်း ထွန်းအိန္ဒြာဗိုက ပြောပါတယ်။

ခိုင်ဝေလွင်
ထွန်းအိန္ဒြာဗိုက ဒီနှစ် အကယ်ဒမီပေး ပွဲကို ရန်ကုန်မှာ ကျင်းပတဲ့ အတွက် တအား ပျော်စရာကောင်းကြောင်း ပြောပါတယ်။ ဒီနှစ် အကယ်ဒမီ ပွဲအတွက် နေပြည်တော် Sky Palace ဟ
ိုတယ်က ညီအစ်မ အရင်းလို ခင်နေတဲ့ ဒေါ်သိန်းသိန်းနိုင်က ချိတ်တွေ စပွန်ဆာ ပေးမှာဖြစ်ပြီး ဒီဇိုင်နာ လတ်လတ်က ဝတ်စုံ ချုပ်ပေးမှာဖြစ်ကြောင်း ပြောပါ တယ်။

အကယ်ဒမီ ပေးပွဲနဲ့ ပတ်သက်ပြီး ထွန်းအိန္ဒြာဗိုက “အခုက တီဗီချန်နယ်တွေ က တိုက်ရိုက် လွှင့် တာတွေ ဖြစ်နေတော့၊ ကိုယ့်လောကသားလေးပဲ စုစု စည်းစည်းနဲ့ ကျင်းပ တာကို ပိုကြိုက်ပါတယ်။ အပြင်ကို လက်မှတ်ရောင်း ရင်လည်း စည်ကမ်းတကျ ဖြစ်ဖို့ လိုပါတယ်။ လာတက်တဲ့သူတွေ အားလုံးက နိုင်ငံတ်ာပွဲ ဖြစ်တဲ့ အတွက် နိုင်ငံတော် နဲ့ အညီ ဝတ်စား ဆင်ယင် လာကြမှာလေ။ ပွဲထဲရောက်တော့ စိန်တွေပြုတ်ကျ၊ ဆံထိုးတွေ ပြုတ်ကျ၊ ဆံထုံးတွေရွဲ၊ ဖိနပ်တွေ အနင်းခံရ တော့ စိတ်အနှောင့် အယှက်တော့ အများကြီးဖြစ်ရတယ်” လို့ ပြောပါတယ်။

အကယ်ဒမီ ဖက်ရှင် ဒီဇိုင်းကတော့ အရိုးဆုံးပဲ ဖြစ်အောင် ဝတ်မှာဖြစ်ပြီး မြန်မာ့ ရိုးရာ ဝတ်စုံဝတ်ရင်ပို သင့်တော် တဲ့အတွက် မြန်မာ့ရိုးရာ ဝတ်စုံကိုပဲ အရိုးဆုံးဖြစ်အောင် ဝတ်မှာ ဖြစ်ကြောင်း ပြောပါတယ်။ သူ့အနေနဲ့ အကယ်ဒမီ စာရင်းဝင်ဇာတ်ကားတွေကို စုံအောင်မကြည့်ရသေးတဲ့ အတွက် ဘယ်သူတွေ ဆုရမယ်ဆိုတာကို မခန့်မှန်းတတ် ကြောင်း၊ ဟာသဇာတ်ကားတွေ များတဲ့ အတွက် ဆုရွေးချယ်ရေး အဖွဲ့က ဆုရွေးချယ်တဲ့အခါ ပိုပြီးခေါင်းရိုက် ရ မှာဖြစ်ကြောင်း ပြောပါတယ်။ လောလောဆယ် ဇာတ်ကားရိုက်နားထားတာ ၂လလောက်ရှိပြီဖြစ်ကြောင်း၊ တန်ဆောင် မုန်းလပြည့်နေ့မှာ ကျင်းပမယ့် Charity Liveအတွက်ပဲ ရှိနေကြောင်း ထွန်းအိန္ဒြာဗိုက ပြောပါတယ်။

ခိုင်ဝေလွင်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...