မြန်မာ့လက်ရွေးစင်အသင်းနှင့်
ရန်ကုန်ယူနိုက်တက်FC အသင်း တောင်ပံကစားသမားကြည်လင်းမှာ အောက် တိုဘာလ အတွက်
အာရှအကောင်းဆုံးလက်ရွေးစင်စာရင်း၌ညာတောင်ပံ ကစားသမားအဖြစ် ပါဝင်လာသည်။
ဘောလုံးဝက်ဆိုဒ်တစ်ခုဖြစ်သည့် Goal.comတွင်
ပြီးခဲ့သည့်နိုဝင်ဘာလဆန်းပိုင်းက ရွေးချယ်ခံခဲ့ရ ခြင်းဖြစ်ပြီး၊
ထိုသို့ရွေးချယ် ခံရခြင်းမှာ အစိုးရသစ်လက်ထက်၌ မြန်မာကစားကမားများအား
အာရှနာမည်ကျော် ကစားသမားများ ဖြစ်သည့် စီးရီးအေ
အင်တာမီလန်ကလပ်အသင်းမှနောက်ခံလူ နာဂါတိုမို၊ ဘွန်းဒက်စလီဂါ ဟမ်းဘတ်
ကလပ်အသင်းမှ ဆွန်ဟောင်မင်း၊ထိုင်းပရီးမီးယား လိဂ် မြောက်တောင်ကလပ်မှ
တီရာဆီလ်ဒန်းဒါ စသည့်ကစားသမားများနှင့် အတူ မြန်မာတောင်ပံကစားသမား အား
၎း၃း၃ ကစားကွက်၌ထည့်သွင်း ရွေးချယ် ခံရခြင်း ဖြစ်သည်။
ပြီးခဲ့သည့် အောက်တိုဘာလ အတွင်းက
မြန်မာနိုင်ငံကအိမ်ရှင်အဖြစ်ကျင်းပခဲ့သည့် ဆူဇူကီးဖလားပြိုင်ပွဲ၌
ခြေစွမ်းပြ သနိုင်ခြင်းကြောင့် ယခုကဲ့သို့ ကမ္ဘာကျော်
ကစားသမားများနည်းတူဘောလုံးဝက်ဆိုဒ်မှ အသိအမှတ် ပြုရွေးချယ်ခံ
ရခြင်းဖြစ်ကြောင်း ပြည်တွင်း မီဒီယာမှ အားကစားအယ်ဒီတာ တစ်ဦးက သုံးသပ်သည်။
“ ကြည်လင်းက လူကောင်သေးပေမယ့်၊ တိုးနိုင်တယ်၊ skill ကောင်းတယ်၊မြန်မာ့လက်ရွေးစင်နဲ့ ရန်ကုန် အသင်းအတွက်တော့ မရှိမဖြစ် ကစားသမားပါ”ဟုအဆိုပါ အားကစားအယ်ဒီတာက ကြည်လင်းနှင့်ပတ်သက်၍ ၄င်း၏အမြင်ကို ပြောသည်။
ကြည်လင်းမှာ မြန်မာ့လက်ရွေးစင်အသင်း
ဆူဇူကီးဖလား ခြေစစ်ပွဲအောင်မြင်စေရန်၎င်း၏သွင်းဂိုးများဖြင့်
ပံ့ပိုးပေးခဲ့သည့် တောင်ပံ ကစားသမားတစ်ဦးဖြစ်ပြီး၊မြန်မာဘောလုံးချစ်
ပရိသတ်များနှင့် ရန်ကုန်ပရိတ်သတ် များ၏ ချစ်ခင်မှုကိုရရှိထားသူလည်းဖြစ်သည်။
လာမည့်
ဒေသတွင်းပြိုင်ပွဲများဖြစ်သည့်ဆူဇူကီးဖလား၊ဖိတ်ခေါ်ဖလားပွဲများနှင့် ၂၀၁၃
ခုနှစ် အရှေ့တောင် အာရှကျွန်းဆွယ်ပြိုင်ပွဲ တွင်လည်း ကြည်လင်း၏
အစွမ်းအစများအားမြင်တွေ့ရဖွယ်ရှိနေသည်။
Goal.com မှ ရွေးချယ်ခဲ့သည့် ၂၀၁၂ခုနှစ်
အောက်တိုဘာလ အတွက် အကောင်းဆုံးအာရှကစားသမား (၁၁)ဦး စာရင်းတွင်
ကြည်လင်းပါဝင်ခဲ့ခြင်းဖြစ်ပြီး၊အဆိုပါစာရင်းကို နိုဝင်ဘာ(၃)ရက်နေ့က
ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
လက်ရှိအချိန်မှာ ကြည်လင်းအနေဖြင့်
မြန်မာ့လက်ရွေးစင်အသင်းနှင့်အတူဆူဇူကီးဖလားအုပ်စုတွင်း ပြိုင်ဘက်များ
ဖြစ်သည့် ထိုင်း၊ ဗီယက်နမ်နှင့်ဖိလစ်ပိုင်တို့နှင့် ယှဉ်ပြိုင်နိုင်ရန်အ
တွက်ပြင်ဆင်မှုများပြုလုပ်နေချိန်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအနေဖြင့်
ဆူဇူကီးဖလားပြိုင်ပွဲအတွက်ကြိုတင်ပြင်ဆင်မှုအနေဖြင့် ဂျေလိဒ်ကလပ်
အိုကာယာမာအသင်းနှင့်နိုဝင်ဘာလလယ်ပိုင်းတွင် ခြေစမ်းပွဲ(၂)ပွဲ
သုဝဏ္ဏကွင်း၌ယှဉ်ပြိုင်မည်ဖြစ်ပြီး ဆူဇူကီးဖလားအုပ်စု
အဖွင့်ပွဲစဉ်၌ဗီယက်နမ်အသင်းနှင့် အဖွင့်စတင်ရင်ဆိုင်ရမည်ဖြစ်သည်။
အဆိုပါ ဂျေလိဒ်ကလပ်အသင်းအား ယခင်ဂျပန်ခရီးစဉ်သွားစဉ်က (၆-၀)ဖြင့်ရှုံးနိမ့်ခဲ့ပြီး၊ ၂၀၁၃ MNL ပြိုင်ပွဲများအား လာမည့်နှစ်
တွင်ဆီးဂိမ်းပြိုင်ပွဲရှိသည့််အတွက် ၂၀၁၃ခုနှစ်
ဇန်န၀ါရီလဆန်းပိုင်း၌ကျင်းပရန် စီစဉ် ထားကြောင်း မြန်မာနိုင် ငံဘောလုံး
အဖွဲ့ချုပ်ကသတင်းထုတ်ပြန်ချက်အရ သိရသည်။
by- (မြစ်မခ)
No comments:
Post a Comment