ဘာရိန်းတွင် ကားဗုံး ပေါက်ကွဲမှုများ တနင်္လာနေ့က ဆက်တိုက် ဖြစ်ပွားခဲ့ပြီးနောက် လူ(၂)ဦး သေဆုံးခဲ့ကြောင်း သိရသည်။
နိုင်ငံလုံခြုံရေး တာဝန်ရှိသူများက ယခုဖြစ်စဉ်သည် အကြမ်းဖက်မှုဟု အတည်ပြု
ပြောကြားခဲ့သည်။ ဘာရိန်းတွင် ဆန္ဒပြလူစုမှုများကို ပိတ်ပင် တားဆီးခဲ့ပြီး
တစ်ပတ် မပြည့်မီမှာပင် ယခုတိုက်ခိုက်မှုများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ဘုရင်အုပ်ချုပ်သည့် အဆိုပါ နိုင်ငံသည် အမေရိကန်၏ မဟာမိတ်ဖြစ်ပြီး အမှတ်(၅)
ရေတပ်မတော် အခြေစိုက်လျှက် ရှိသည်။ တနင်္ဂနွေနေ့ကလည်း ဘာရိန်းတွင် ရဲစခန်း
(၃)ခုကို ဆန္ဒပြသူများက ပုလင်းဗုံးများဖြင့် ပစ်ပေါက်ခဲ့သည်။
ဘာရိန်းတွင်လည်း မငြိမ်သက်မှုများ (၂၀၁၁)ခုနှစ်၊ ဖေဖော်ဝါရီလ ကတည်းက
စတင်ခဲ့ပြီး အဆိုပါ ဖြစ်စဉ်များအတွင်း လူ(၅၅)ဦးထက်မနည်း သေဆုံးခဲ့သည်။
No comments:
Post a Comment