သင်ဇာတို့က အဝတ်အစားပိုင်းမှာလည်း သိပ်ပြီးတော့ ပြောင်းလဲလို့ မရဘူး။ ကာရိုက်တာပေါ်
မူတည်ပြီး ပြောင်းပေမယ့် အဓိကကတော့ အိုက်တင်ပိုင်း ကိုပဲ အဓိက ထားပြီးလုပ်ဖြစ်တယ်” လို့ ပြောပါ တယ်။ သင်ဇာဝင့်ကျော်က သီလရှင်ဝတ်ပြီး ထွက်လာတဲ့ နောက်ပိုင်းမှာ ဇာတ်ကားထဲက ကာရိုက်တာ နဲ့လိုက်အောင် ကိုယ်ကြိုက်တဲ့ ဆံပင်တု ပုံစံမျိုးကို တပ်ပြီး သရုပ်ဆောင် ရတဲ့ အခါမှာပိုပြီးတော့အဆင်ပြေတယ်လို့ ဆိုပါတယ်။
သင်ဇာ ဒီအနုပညာ လောကထဲ ရောက်တဲ့ အချိန်မှာ ရန်ကုန်မှာ ပြုလုပ်တဲ့ အကယ်ဒမီပွဲကို တစ်နှစ်ပဲ တက်ခဲ့ ဖူးတယ်။ အဲဒီတုန်းက သင်ဇာက မော်ဒယ်ပဲ ရှိသေးတယ်။ သရုပ်ဆောင်တောင် မဖြစ်သေးဘူး။ နောက်နှစ် လည်းကျရော သင်ဇာက ဗန်းကိုင် ဖြစ်သွားတယ်။ အဲဒီနှစ်မှာပဲ နေပြည်တော် မှာကျင်းပတော့ သင်ဇာက နှစ်တိုင်း နေပြည်တော်ပဲ တက်နေရတယ်။
ဒီနှစ်က ရန်ကုန် မှာပြန်ဖြစ်တဲ့ အခါဆိုတော့ သင်ဇာ့အနေနဲ့ စိတ်ခံစားမှုက အသစ်ပြန်ဖြစ် မယ်ဆို တာတော့ သေချာတယ်။ နောက်ပြီး သရုပ်ဆောင် တစ်ယောက် အနေနဲ့ ရန်ကုန် မှာ ပြုလုပ်တဲ့ အကယ်ဒမီပွဲ ကိုတော့ ဒါပထမ ဦးဆုံး တက်ဖြစ် မှာပါ” လို့ အကယ် ဒမီ ရင်ခုန်သံကို ပြောပြခဲ့ပါတယ်။
လွင်လွင်ထွန်း
No comments:
Post a Comment