ဧဒင်အချစ်ပုံပြင်: ၂၀၁၀ အကယ်ဒမီ စင်မြင့်ပေါ်က ဗန်းကိုင်ပျိုမေ တို့ရဲ့ အတွေ့အကြုံ စကား

Thursday, 29 November 2012

၂၀၁၀ အကယ်ဒမီ စင်မြင့်ပေါ်က ဗန်းကိုင်ပျိုမေ တို့ရဲ့ အတွေ့အကြုံ စကား

မြန်မာ့ ရုပ်ရှင်ထူးချွန်ဆု ပေးအပ်ပွဲ ကျင်းပချိန် နီးကပ်လာတာနဲ့ မြန်မာပြည် တစ်နံတစ်လျားက ရုပ်ရှင် အနုပညာချစ် ပရိသတ်များ ကြားမှာရော၊ အနုပညာလော က အသိုင်း အဝိုင်းမှာပါ အကယ်ဒမီ ဗန်းကိုင် လှပျိုဖြူလေးများရဲ့ သတင်းစကားဟာ ရေပန်းစားလျက် ရှိကြပါတယ်။ အကယ်ဒမီ ဗန်းကိုင် လှပျိုဖြူလေးများ အဖြစ် ရွေး ချယ် ခံရတာကနေ အနုပညာ ကြယ်စင်သစ် ကလေးများ အဖြစ် ထွန်းတောက် လင်းလက်ခဲ့ ကြတာလည်း တွေ့မြင်ကြရပါ တယ်။ နှစ်တိုင်း အရွေးချယ်ခံ ရတဲ့  သူတွေ ဟာ အကယ်  ဒမီဆုပေးပွဲ အကြို ရင်ခုန်သံတွေ ဖြစ်နေဆဲပါ။ ဒါကြောင့် ပြီးခဲ့တဲ့နှစ် အကယ်ဒမီ ဆုပေးပွဲမှာ အကယ်ဒမီ ဗန်းကိုင် လှပျိုဖြူလေးများ အဖြစ် ရွေး ချယ်ခံခဲ့ ကြတဲ့ လှပျိုဖြူလေး များရဲ့ ကိုယ်တွေ့ ဖြတ် သန်းခဲ့ရတဲ့ ရင်ခုန်ခံစားမှုနဲ့ ကြည်နူး ပီတိဖြစ်ခဲ့ရတဲ့ ရင်တွင်းစကား သံများကို စုစည်း ဖော်ပြလိုက်ပါတယ်။
ဗန်းကိုင်တွေကို အကြံပြုချင်တာ က ကိုယ်လုပ်တဲ့ အလုပ်ကိုတော့ အကောင်းဆုံး
လုပ် စေချင်တယ်…
ဝင့်လဲ့နု
“ဗန်းကိုင်ပြီးတော့ အမျိုးသမီး ရေးရာပွဲ တစ်ခုပဲ ရှိုးလျှောက် ဖြစ်တာ။ ကျောင်းပဲ ဆက်တက်ဖြစ်တယ်။ ဘာမှ မလုပ်တော့ဘူး။ ညီမတို့ ဗန်းကိုင် လုပ်တာကလည်း မနှစ် က ဆိုပေမယ့် သိပ်မကြာသေးဘူး။ ဒီနှစ်ထဲမှာ လိုဖြစ်နေတာ။ အဲဒါကြောင့် ဗန်းကိုင်နဲ့ မစိမ်းသေးဘူး။ အတွေ့အကြုံ ကတော့ နိုင်ငံတော် ပွဲကြီးမှာ ကိုယ်က ဗန်းကိုင် ခဲ့ရတာလေ။ နောက်ပြီး လူပေါင်းစုံနဲ့လည်း စုစုစည်းစည်း နေခဲ့ရတယ်။ ဒီလို စင်မြင့်ပေါ် မှာတက်ပြီး လုပ်ရတာ ဆိုတော့ တစ်နိုင်ငံလုံး ကလည်း ကိုယ့်ကို စောင့်ကြည့်နေ သလို ပဲလေ။အဲဒီတုန်းက စိတ်လှုပ်ရှား ခဲ့ရပါတယ်။ ညီမကျောင်းက မဟာ ဆက်တက်နေတယ်ဆိုတော့ လုံးဝ ခွင့်တင်လို့မရဘူး။ အဲဒါကြောင့် အနုပညာ အလုပ် ဆက် မလုပ် ဖြစ်ခဲ့တာပါ။ အကယ်ဒမီ ဗန်းကိုင်ဖြစ်ပြီးတာနဲ့ အနုပညာ အလုပ် မှာ ပိုပြီး လွယ်ကူသွားတယ်၊ မလွယ်ဘူး ဆိုတာက ကြိုးစားမှုပါပဲ။ ဘယ်လောက်ပဲခေါ် ပြီး ရိုက်ရိုက် ကိုယ့်မှာကြိုးစားမှု မရှိဘူး၊ ပရိသတ်လက်ခံမှု မရှိဘူးဆိုရင် အောင်မြင်မှု ဆိုတာ ဘယ်လိုမှမရ နိုင်ဘူး။ အဓိကကတော့ ကိုယ်ကြိုးစားရမှာပဲ။ နောက်တစ်ခုက စန်းပါသေးတယ်။ စန်းမရှိဘဲနဲ့ လုံးဝမဖြစ်နိုင်ဘူး။ ဒီနှစ်ဗန်းကိုင် တွေကို အကြံပြုချင်တာက ကိုယ်လုပ်တဲ့ အလုပ်ကိုတော့ အကောင်းဆုံး လုပ်စေချင်တယ်။ ဒီနှစ် ရန်ကုန်မှာ လုပ်တာ ကောင်းပါတယ်။ ဘာဖြစ်လို့လဲ ဆိုရင် သက်ကြီးဝါကြီး အနုပညာရှင်တွေလည်း တစ်စု တစ်စည်းတည်း တက်လို့ရတာပေါ့။ ရန်ကုန်မှာ မလုပ် တဲ့နှစ်ပေါင်း များနေပြီဆိုတော့ရန်ကုန်မှာ လုပ်တာ သဘောကျပါတယ်”http://popularmyanmar.com/mpaper/wp-content/uploads/2012/11/DSC_6238.jpg
ဗန်းကိုင်လုပ်မယ့် သူတွေအနေနဲ့
အဝင်၊ အထွက်လေးတွေ မှန်အောင် ကျင့်ထားရင် တော့ အဆင်ပြေမှာပါ . . .
ခင်ရတနာစိုး
“အခုလောလောဆယ် မှာ သမီး ဘိသိက် အခမ်းအနားပွဲလေးတွေ ရိုက်ဖြစ်နေတယ်။ သမီးတို့တုန်းက အကယ်ဒမီ ဗန်းကိုင် လုပ်ခဲ့တဲ့အခါမှာ သင်တန်းလည်း စီစဉ် ပြီးတော့ လုပ်ပေးတဲ့ အတွက် ကြောင့် ဗန်းကိုင် အခက်အခဲတော့ သိပ်မရှိပါဘူး။ သမီးတို့လည်း အဝင်အထွက်လေး တွေမှာ တစ်ယောက်နဲ့ တစ်ယောက် အချိန် ကိုက်လေးတွေ လုပ်နိုင်ကြတယ်။ သမီးတို့ ဗန်းကိုင် လုပ်တဲ့နှစ်က နေပြည်တော်မှာ လုပ်တဲ့အခါ ကျတော့ တော်တော်လေး ချမ်းတယ်။ သမီးတို့က ညဘက်ကြီးမှာ သွားပြီး လေ့ကျင့်ရတော့ အေးအေးချမ်းချမ်းလေးနဲ့ သွားလေ့ကျင့်ခဲ့ရတဲ့ အတွေ့အကြုံလေး တော့ ရှိခဲ့တယ်။ သမီးက အကယ်ဒမီ ဗန်း ကိုင်ဖြစ်ပြီးတဲ့နောက်ပိုင်း မှာတော့ ဇာတ်ကား ရိုက်ကူးရေးပိုင်းတွေ မလုပ်ဖြစ်သေးဘူး။ အနုပညာလောကထဲ ဝင်တဲ့အခါ မှာလည်း သမီးတို့ ကြိုးစားရင် ကြိုးစား သလောက် ရမယ် ထင်ပါတယ်။ သမီးကလည်း ပညာရေး တစ်ဖက်နဲ့ဆိုတော့ ကိုယ် အားတဲ့အချိန်လေး မှာတော့ ကိုယ်လုပ်နိုင်တဲ့ အပိုင်း ဓာတ်ပုံရိုက်တာလေးတွေ တော့ လုပ်ဖြစ်နေ တယ်။ ကျောင်းပြီး ရင် တော့ ဆက်ပြီး လုပ်ဖြစ်သွားမှာပါ။ အခု ဗန်းကိုင်လုပ်မယ့် သူတွေအနေနဲ့ အဝင်၊ အထွက်လေးတွေ မှန်အောင် ကျင့်ထားရင် တော့ အဆင်ပြေမှာပါ။ စင်ပေါ်ရောက် သွား ရင်လည်း သူ့ဟာနဲ့သူ အဆင်ပြေသွားမှာပါ။ ဒီနှစ်က ရန်ကုန်မှာ ဆိုတော့ ကောင်းပါတယ်။ သွားရလာရတာ အဆင်လည်းပြေတယ်”အကယ်ဒမီဗန်းကိုင်လုပ်ပြီးရင်တော့ အနုပညာလမ်းကြောင်းအတွက် အခွင့် အရေးတွေ ပေါ်ပေါက်လာပါတယ်…
သဲစုနိုင်
“အနုပညာ လှုပ်ရှားမှုအနေနဲ့ သိပ် မလုပ်ဖြစ်ဘူး။ ခုမှ စာမေးပွဲ ဖြေပြီးတာဆို တော့လေ။ ဓာတ်ပုံတွေတော့ ရိုက်ဖြစ်ပါတယ်။ အကယ်ဒမီပွဲ နီးရင် အမှတ်တ ရတွေတော့ ပြန်ပြီး သတိရပါတယ်။ မနှစ် က အကယ်ဒမီ ပွဲမှာ ဗန်းကိုင်ခဲ့ ရတာ တအား ပျော်ဖို့ကောင်းပါတယ်။ သူငယ်ချင်းတွေနဲ့ ဒီလိုမျိုး ရင်းရင်းနှီးနှီးနေ ခွင့်ရ တာရယ်၊ ခင်မင်ခွင့် ရတာရယ်၊ မိတ်ဆွေတွေလည်း တိုးတယ်။ ဗန်းကိုင်ရတာလည်း တအားဝမ်းသာတယ်။ အကယ်ဒမီ ဗန်းကိုင် လုပ်ပြီးရင်တော့ အနုပညာ လမ်းကြောင်း အတွက် အခွင့်အရေးတွေ ပေါ် ပေါက်လာပါတယ်။ လမ်းကြောင်းတွေ လည်း ပွင့်လာတယ်။ ညီမက ကျောင်းတစ် ဖက်နဲ့ကျတော့ သိပ်မလုပ်ဖြစ်လို့ အခု လိုမျိုး သိပ်ပြီး မလုပ်ဖြစ်တာပါ။ တကယ် လုပ်မယ့်သူတွေ ဆိုရင်တော့ အကယ်ဒမီ ဗန်းကိုင် တစ်ယောက်ဖြစ်ပြီးရင် အနုပညာ လမ်းတွေ အများကြီး ပွင့်လာဖို့ ရှိပါ တယ်။ အကယ်ဒမီ ဗန်းကိုင်တစ်ယောက် ဖြစ်သွားရင်တော့ အနုပညာ လောကဝင်ဖို့ ပို လွယ်ကူသွားပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အကယ်ဒမီ ဗန်းကိုင် ဆိုရင် တစ် နိုင်ငံ လုံး သိတာပေါ့နော်။ အကယ်ဒမီ ဗန်းကိုင်တစ်ယောက် ဖြစ်ရတာ အနုပညာလောက ကိုဝင်ရောက်ဖို့ အတွက် အများကြီး အထောက်အကူ ပြုစေပါတယ်။ လူအများကြီးထဲ က နေမှ ပြန်ရွေးချယ်ခဲ့ရတယ် ဆိုတော့ကိုယ် ကိုယ်တိုင်လည်း တအားပျော်ပါတယ်။ သူတို့တွေလည်း ပျော်ကြမှာပါ။ တစ်နိုင်ငံလုံးက ကြည့်မယ့် တီဗီမှာပါခွင့်ရမယ် ဆိုတော့ ပျော်ကြမယ်။ ဂုဏ်ယူကြမယ်လို့  ထင်ပါတယ်။ ရန်ကုန်မှာ လုပ်တော့ တအား ကောင်းတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အနုပညာ လောကသားတွေ အတွက် ရန်ကုန် ဆိုတာက နီးနီးလေးပေါ့။ နေပြည်တော်လို တော့ တကူးတက သွားစရာ မလိုတော့ဘူး”
အကယ်ဒမီ ဗန်းကိုင်ဖြစ်ခွင့်ရသွားတော့
တော်တော် လည်း ဝမ်းသာတယ်။
အိပ်လို့တောင် မပျော် ဘူး …
ထက်မိုးမြတ်ဦး
“အကယ်ဒမီ ပွဲကြီးလည်း နီးလာပြီဆို တော့ မနှစ်က အကယ်ဒမီ စင်မြင့်ပေါ်မှာ အကယ်ဒမီ ဗန်းကိုင်တစ်ယောက် အဖြစ်ရှိ နေခဲ့တာကို ပြန်ပြီး မြင်ယောင်လာတာပေါ့။ တအား သတိရတာပေါ့။ မနှစ်ကဆိုရင် ဗန်းကိုင်တွေ ခေါ်တုန်းက ရင်တွေ ခုန်ကြရတယ်။ သူငယ်ချင်း တွေနဲ့အတူတူ နေပြည်တော် သွားတာကို သတိရတယ်။ အဲဒီ ဓာတ်ပုံတွေ ကိုလည်း ပြန်ကြည့်မိတယ်။ အကယ်ဒမီ ဗန်းကိုင်ဖြစ်ခွင့် ရသွားတော့ တော်တော်လည်း ဝမ်းသာတယ်။ အိပ်လို့တောင် မပျော်ဘူး။ အကယ်ဒမီ ဗန်း ကိုင် ဖြစ်တော့ အနုပညာ လမ်းစ ပိုပွင့်သွားတာပေါ့။ ဒါပေမဲ့ ဗန်းကိုင် ဖြစ်ပြီးရင်တော့ အနုပညာ အလုပ်ဆက် လုပ်တာ ပိုကောင်းတာပေါ့။ တကယ်လို့ ဆက်မလုပ်ဖြစ်ဘူး ဆိုရင်လည်း ဗန်းကိုင် လုပ်ထားတာ အရာမထင်တော့ဘူးလေ။ ညီမစီးပွားရေးနဲ့ ကျောင်းဘက်ကို ကူးလိုက်တော့ ဆက်မလုပ်ဖြစ်တော့ဘူးပေါ့။ မယုသန္တာတင်၊ မထိုက်ဆု ၊သဲနော်ဇာ တို့လည်း အနုပညာအလုပ်တွေ တော်တော်ပေါက် နေပြီပေါ့။ အနုပညာကို တကယ်ဝါသနာပါတယ် ဆိုရင် ကိုယ့်ရည်မှန်းချက်က ဘာလဲ၊ဗန်း ကိုင် ဖြစ်ပြီးရင် အနုပညာ အလုပ်ဆက် လုပ်မှာလား။ ဒါမှမဟုတ် တခြားစီးပွားရေး လုပ်မှာလား ဆိုတဲ့ ရည်မှန်းချက်ကို တစ်ခုပဲချ စေချင်ပါတယ်။ အကယ်ဒမီကို ရန်ကုန် မှာ ကျင်းပတာ ကောင်း ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြောင်းလဲတာက ကောင်းပါတယ်။
အကယ်ဒမီဗန်းကိုင်ဘယ်သူ တွေဖြစ်မလဲ၊
သူတို့လည်း ကိုယ့်တုန်းကလို
တအားစိတ်လှုပ်ရှားနေမယ်လို့ ထင်တယ်…
ထိုက်ဆုဝင်း
“အခုဇာတ်ကားတွေ ရော၊ ဖက်ရှင် ကတ်တလောက်  ဗီစီဒီတွေ  ရိုက်ဖြစ်တယ်။ ဇာတ်ကားက ၂၉ကား လောက် ရှိသွားပြီ။ အခု အကယ်ဒမီ လည်း နီးလာပြီ ဆိုတော့ မနှစ်က ကိုယ်လုပ်ခဲ့ တာကို ပြန်မြင်ယောင်မိတယ်။ အနုပညာခရီး မှာတစ်ခါပဲ ဗန်းကိုင် ဖြစ်ခဲ့ရတာ အမှတ်တရပဲ လေ။ ဒီနှစ်က ရန်ကုန်မှာ ဆိုတော့ ရန်ကုန်စင် အခမ်း အနားက ဘယ်လိုဖြစ်မလဲ၊ အကယ်ဒမီ ဗန်းကိုင် ဘယ်သူတွေဖြစ်မလဲ၊ သူတို့လည်း ကိုယ့်တုန်းကလို တအား စိတ်လှုပ်ရှားနေမယ် လို့ ထင်တယ်။ နေပြည်တော် ဆို မသွားနိုင်တဲ့ သူတွေ ရှိပေမယ့် ရန်ကုန်ဆိုတော့ သွားနိုင်တယ်လေ။ အကယ်ဒမီ ဗန်းကိုင်တုန်းက ကိုယ်တွေ ဘယ်လိုပဲ အပြင်မှာ သရုပ်ဆောင် လုပ်လုပ် စင်ပေါ်ရောက် သွားတဲ့ ခံစားမှုက မတူတော့ဘူး။ ဆု တံဆိပ်ကြီးကို ကိုယ်က ကိုင်ပေးရတယ် ဆိုတော့ ဘာနဲ့မှ မတူပါဘူး။ စင်ပေါ် ရောက်သွားရင် မကြောက်တော့ဘူး။ အနု ပညာ လောကထဲကို ထဲထဲဝင်ဝင်လုပ်တဲ့သူ တွေ အတွက် လမ်းစ ပိုပွင့်သွားတယ်။ အထောက် အပံ့လည်း ဖြစ်တယ်။ ဒါပေမဲ့ ကံရယ်၊ စန်းနဲ့ လည်း ဆိုင်ပါတယ်”
ဒီလိုအကယ်ဒမီ ဗန်းကိုင်ခဲ့ရတော့ အရင်တုန်းကထက်စာရင်
လူ ပိုသိသွားတယ်…
ယုသန္တာတင်
“အခု အကယ်ဒမီပွဲ နီးလာပြီဆိုတော့ အရင်တုန်းကတော့ ဗန်းကိုင်တယ်။ အခု တော့ ပွဲတက်မှာပါ။ မနှစ်တုန်းကတော့ အကယ်ဒမီ ပေးပွဲမှာ ငါတို့ ဗန်းကိုင်ခဲ့တယ်။ ဆုရတဲ့ သူတွေနဲ့ အတူ ဝမ်းသာခဲ့တာမျိုးတော့ မြင်ယောင်မိတယ်။ အကယ်ဒမီ ဗန်းကိုင် အတွေ့အကြုံကတော့ တခြားပွဲတွေမှာ ဗန်းကိုင်တာတွေနဲ့ မတူဘူး။ အကယ် ဒမီပေး ပွဲကျတော့ စင်ပေါ်မှာ သူတို့ သေသေချာချာ လေ့ကျင့် သင်ကြားပေးထားတာဆိုတော့ မမှားအောင် ဂရုစိုက်ပြီးတော့ အဆင်ပြေအောင် ကြိုးစားခဲ့တယ်။ ဒီလို အကယ်ဒမီ ဗန်းကိုင်ခဲ့ ရတော့ အရင်တုန်း ကထက်စာရင် လူပိုသိ သွားတယ်။ ပြီးတော့ အနုပညာလော က ထဲဝင်တဲ့ အခါမှာလည်း တစ်ဖက်တစ်လမ်း ကနေ အထောက် အကူပြုတယ်။ ဒီနှစ် အကယ်ဒမီကို ရန်ကုန်မှာ ကျင်းပမှာ ဆိုတော့ တအားကောင်းတယ်။ ခရီးလည်း မဝေးဘူး။ နီးသွားတယ်။ သက်ကြီးဝါကြီး အနုပညာရှင် ကြီးတွေ လည်း တက်ရောက်ဖို့ အဆင်ပြေ သွားတာပေါ့”အကယ်ဒမီဗန်း ကိုင်ဆိုတာကတော့ ကိုယ့်ကြိုးစားမှုမပါရင်  ဘာမှ မဖြစ်လာနိုင်ပါဘူး …
သဲနော်ဇာ
“မနှစ်က ၈ယောက်စလုံး ညီညွတ်တယ် လို့ ချီးမွမ်းခံရတယ်။ အကုန်လုံး လည်း ညီညွတ်ကြတယ်။ စင်ပေါ်မှာ လမ်းလျှောက် တာကအစအခေါက်ခေါက် အခါခါ လေ့ ကျင့်ခဲ့ရတယ်။ ဗန်းကိုင် အတွေ့အကြုံကတော့ နေ့ လည်ပိုင်းမှာ တစ်ခါ အစမ်း လေ့ကျင့်တယ်။ ညနေမှာကျတော့ စင်ပေါ်မှာ သေသေချာချာ လေ့ကျင့်တယ်။ တစ်နေ့ကို နှစ်ခါကျင့်ရတယ်။ ပွဲမတိုင်ခင် အချိန်ထိပေါ့။ အကယ်ဒမီဗန်း ကိုင်ဆိုတာကတော့ ကိုယ့်ကြိုးစားမှု မပါရင်  ဘာမှ မဖြစ်လာနိုင်ပါဘူး။ အဆင် လည်း ပြေမှာ မဟုတ်ဘူး။ အကယ်ဒမီ ဗန်းကိုင်က တော့ ပရိသတ်က သတိထားကြမိတယ်လေ။ ဒီနှစ် ဘယ်နှစ်ယောက် ရွှေးမှာလဲဆိုတာ မသိ ဘူး။ အားလုံးကိုတော့ ပြောချင်တာက ကိုယ့်ဘက်က အမှားအယွင်း မရှိအောင် ကိုယ့်ကြောင့် ဆိုတဲ့ ပုံစံမျိုးမဖြစ်အောင် သတိထား လုပ်ပါ။ တစ်ယောက်တည်း လုပ်တာလည်း မဟုတ်ဘူး။ အဖွဲ့အစည်းနဲ့ ဆိုတော့ စည်းစည်း လုံးလုံး လုပ်ကြပါလို့ ပြောချင်ပါတယ်။ ဒီနှစ် ရန်ကုန်မြို့မှာ ပြန်လုပ်တယ် ဆိုတော့ နေပြည် တော်မှာလို ဗန်းကိုင်ဖို့ အတွက် Camp သွင်းတာမျိုး မလုပ်လောက်ဘူး ထင်တယ်။ ဘယ်အချိန် လာပြီး လေ့ကျင့်ပါ ဒီလောက်ပဲ ထင်ပါတယ်။ ရန်ကုန်မှာ ဆိုတော့ အားလုံး သော အနုပညာရှင်တွေ အတွက် အဆင်ပြေ မှာပေါ့”
ပေါ်ပြူလာအဖွဲ့

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...