ဧဒင်အချစ်ပုံပြင်: တရားမဝင် ကျွန်းနှင့် သစ်မာများ ဖမ်းဆီးရမိ

Thursday 8 November 2012

တရားမဝင် ကျွန်းနှင့် သစ်မာများ ဖမ်းဆီးရမိ

ကောလင်း- ကန့်ဘလူ နယ်စပ်နှင့် ကောလင်း မြို့နယ် သော်ကြိုးဝိုင်း အတွင်းမှ တရားမဝင် သစ်မာ ၅ ဒသမ ၆၅၂ဝ တန်၊ ထင်း ၁ဝ ဒသမ ၆၉၂ဝ တန် မော်တော်ယာဉ် နှစ်စီးနှင့် အတူ တရားခံ နှစ်ဦးတို့အား နိုဝင်ဘာ ၃ ရက်က ဖမ်းဆီးရ မိပြီး တရားခံ နှစ်ဦးအား သစ်တော ဥပဒေ ပုဒ်မ ၄၂ (က)အရ အရေးယူ သွားမည် ဖြစ်ကြောင်းနှင့် ကျန်တရားခံ များအား စုံစမ်း ဖော်ထုတ် အရေးယူ နိုင်ရန် စီစဉ် ဆောင်ရွက် လျက်ရှိ
ကြောင်း သိရသည်။
အလားတူ ရန်ကုန်တိုင်း ဒေသကြီး တိုက်ကြီး မြို့နယ်မှ သစ်တော ဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ ဝင်များ ပါဝင်သည့် ပူးပေါင်း အဖွဲ့သည် အောက်တိုဘာ ၂၄ ရက်က ရန်ကုန်- ပြည်ကားလမ်း မိုင်တိုင် အမှတ် (၅၆/၂) ဥတို ကျေးရွာ ဦးဇာနည် အောင်၏ ခြံဝင်း အတွင်းသို့ သတင်းပေး ချက်အရ ယာဉ်အမှတ် ၈ဇ/………. အား သွားရောက် စစ်ဆေးရာ တရားခံ မတွေ့ ရှိဘဲ တရားမဝင် ကျွန်းသစ် ပရိဘောဂ အပိုင်းအစ ၃၇၇ ချောင်း၊ ၁ ဒသမ ၁ဝ၄၄ တန်ကို ဖမ်းဆီး ရမိပြီး တိုက်ကြီး ရဲစခန်းမှ ပြည်သူပိုင် ပစ္စည်း ကာကွယ် စောင့်ရှောက်ရေး ဥပဒေ ပုဒ်မ ၆(၁) ဖြင့် တရားလို ပြုလုပ်၍ သစ်ပိုင်ရှင်၊ ယာဉ်မောင်း၊ ယာဉ်ပိုင်ရှင် တို့အား စုံစမ်း ဖော်ထုတ် ပေးပါ ရန် အမှုဖွင့် ထားကြောင်း သိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...