(၁၉-၁၀-၂၀၁၂)ရက်နေ့ညနေပိုင်းတွင်လင်ဖြစ်သူဂျမာနုဒင်(ခ)ဇော်ဇော်ဆိုသူကဇနီးဖြစ်သူမမာဇီဒါ၏
မျက်နှာအားပုလင်းကွဲဖြင့်(၃)ကြိမ်ထိုးခဲ့ကြောင်းPVAရုံးသို့ဖုန်းဖြင့်အကြောင်းကြားလာခဲ့ပါသည်။PVAမှ
တာဝန်ရှိသူများသည်အခင်းဖြစ်ပွားရာနေရာသို့သွားရောက်ပြီးဒဏ်ရာရသူကိုဆေးခန်းသို့ပို့၍အကြောင်းစုံ
ကိုမေးမြန်းစုံစမ်းရာ၎င်းတို့လင်မယားသည်လွန်ခဲ့သောတနှစ်ခန့်ကစတင်ပေါင်းသင်းခဲ့သောအစ္စလာမ်ဘာသာ
ဝင်များဖြစ်သော်လည်းအိမ်ထောင်ရေးအဆင်မပြေကြကြောင်း၊လွန်ခဲ့သောတလခန့်ကလင်မယားခြင်းစကား
အခြေအတင်များရာမှကိုယ်ထိလက်ရောက်ပြုမှုခဲ့ကြပြီးမယားဖြစ်သူ၏မောင်(ယောက်ဖ)ကလင်ဖြစ်သူအားသစ်သား
တုတ်တိုဖြင့်ဝင်ရိုက်ရာမျက်နှာတွင်ဒဏ်ရာရပြီးPVAရုံးသို့လာရောက်တိုင်ကြားခဲ့ရာမှနောက်ပိုင်းလင်မယား
ဆက်ဆံရေးမှာပိုမို၍ဆိုးရွားလာခဲ့ကြောင်းသိရပါသည်။PVAသည်နှစ်ဖက်လုံးကသက်ဆိုင်သူများအားခေါ်ဆိုပြီး
လင်မယားအဆင်ပြေရေးအတွက်(၂)ကြိမ်တိုင်တိုင်ညှိုနှိုင်းပေးခဲ့သော်လည်းမိန်းကလေးဖက်ကမည်သို့မှ
မပေါင်းသင်းနိုင်တော့ကြောင်းအပြင်းအထန်ငြင်းဆိုနေပါသဖြင့်၊ပြတ်ဆဲခြင်းအတွက်အစ္စလာမ်ဘာသာဝင်လူကြီး
များနှင့်တွေ့ဆုံညှိုနှိုင်းကြရန်ပြောဆိုပြီးမပြတ်ဆဲခင်စပ်ကြားတဦးနှင့်တဦးပြောဆိုနှောက်ယှက်ခြင်းမပြုကြရန်
(၁၉-၁၀-၂၀၁၂)ရက်နေ့တွင်ခံဝန်လက်မှတ်ထိုးစေခဲ့ပါသည်။ထိုနေ့လက်မှတ်ထိုးပြီးအပြန်ခရီးတွင်ပင်
ဂျမာနုဒင်မှာလမ်းမှကြိုတင်စောင့်နေပြီးမမာဇီတာစက်ဘီးအားတွန်းလှဲကအရက်ပုလင်းကိုခွဲထားသောအချွှန်ဖြင့်
မျက်နှာကိုထိုးကထွက်ပြေးသွားခြင်းဖြစ်သည်။မမာဇီ၏ဒဏ်ရာကိုမဲဆောက်ဆေးရုံကြီးတွင်ပြသဆေးကုသမှုခံ
ယူစေပြီးထွက်ပြေးတိမ်းရှောင်နေသော်ဂျနုမာဒင်၏သတင်းအားPVA
မှဆက်လက်စုစမ်းလျက်ရှိပါသည်။
From October 31, 2012 |
အတော် ရက်စက်တဲ့ အပြုအမူပဲ ။
ReplyDeleteလတ်ဆတ်တဲ့ သတင်းတွေအတွက်
ကျေးဇူးပါ ဧဒင်ရေ ....
ဆက်လက်ထုဆစ်နိုင်ပါစေဗျာ ။