မြိတ်အကျဉ်းထောင်မှ ဘင်္ဂါလီလူမျိုးအကျဉ်းသား ၇၈ ဦးအား
ရန်ကုန်အင်းစိန်အကျဉ်းထောင်သို့ ယနေ့လွှဲပြောင်းလိုက်ကြောင်း
စုံစမ်းသိရှိရသည်။အဆိုပါအကျဉ်းသားများသည် မြိတ်အကျဉ်းထောင်မှ ကြယ်ငါးပွင့်
သဘောင်္ဖြင့် ယနေ့ နေ့လည် ၁၂ နာရီ အချိန်တွင် ရန်ကုန်မြို့ သာကေတ
ကြယ်ငါးပွင့်သဘောင်္ကျင်း သို့ေ၇ာက်ရှိလာကြောင်းသိရှိရသည်။“လူပေါင်း၈၀
ဝန်းကျင်လောက်ရှိမယ်။ သူတို့ကို Express ကား ၂ စီးဖြင့် ရဲဝန်ထမ်းတွေ ၊
လ.၀.က တွေ လာခေါ်သွားတာတွေ့လိုက်တယ်´´ဟု ကြယ်ငါးပွင့်သဘောင်္မှ
တာဝန်ကျဝန်ထမ်းတစ်ဦးမှ Hot News သို့ ပြောကြားသည်။ ယခုလိုရောက်ရှိလာသည့်
ဘင်္ဂါလီလူမျိုးအကျဉ်းသားများတွင် ယောကျာင်္းလေး (၇၆)ယောက် နှင့် မိန်း ကလေး
(၂) ယောက်ပါဝင်ပြီး အားလုံးသည် ရခိုင်ပြည်နယ်ဇာတိဖြစ်ကြောင်း ၊
အကျဉ်းသားတစ်ဦးက Hot News အား ပြောကြားသွားခဲ့သည်။ ၎င်းတို့အား
လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေဖြင့်
အရေးယူခံထားရခြင်းဖြစ်ကြောင်း လည်း
သိရသည်။ ယင်းကိစ္စနဲ့ ပတ်သက်၍ Hot News Journal မှ သာကေတမြို့နယ်
ရဲစခန်းသို့ သွားရောက် မေးမြန်းခဲ့ရာ ၊ တာဝန်ကျ အရာရှိ ဒုရဲအုပ်
ဦးအောင်ကိုကိုဝင်းက “သူတို့ဝင်လာတာတော့မှန်တယ် ။ သူတို့လူကြီးတွေကတော့
သိတာပေါ့။ ကျွန်တော်က တစ်ပွင့်အဆင့်ပဲ ဆိုတော့ ပြောခွင့်မရှိဘူး ။
ပြောခွင့်မပေးထားပါဘူး။ ပြောရင် အရေးယူခံရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး
ကျွန်တော် ဘာမှမသိဘူး။ စခန်းက ရဲဝန်ထမ်းအချို့ကို လုံခြုံရေးယူဖို့အတွက်
လွှတ်ပေးရတာပဲရှိပါတယ်´´ဟု ပြောကြားခဲ့ပါသည်။
တူးတူး
No comments:
Post a Comment