ယခုလ နိုဝင်ဘာ ပထမပတ်အတွင်း
ချင်းပြည်နယ် မြို့တော်ဟားခါးတွင် ဆိုင် လေး ဆိုင် ဖောက်
ထွင်းခံရသည်။နိုဝင်ဘာလ ၃ ရက်နေ့ညက ဈေးသစ်ရပ်ကွက် ဆတ်သားလမ်းပေါ်ရှိ Pu Ram
Cung ဆိုင်ဖောက် ထွင်းခံရပြီး ကျပ်ငွေ ၅ သောင်းဖိုး ဆိုင်ပစ္စည်း ခိုးယူ
သွားသည်။
အလားတူ နိုဝင်ဘာ ၅ ရက်နေ့ညက လည်း Pu Pa
awm ဆိုင်ကို၎င်း၊ Pu RunCer ဆိုင်ကို၎င်း၊ Pu Kawng Luai ဆိုင်ကို၎င်း
တညတည်းဖောက် ထွင်းခဲ့ကြပြီး ဆိုင်ပစ္စည်းများ ခိုးယူသွားကြကြောင်း သိရသည်။
“ ဆိုင်ရှင်တွေက ငွေတွေကို
အိမ်ပါသွားကြလို့ ဆိုင်ပစ္စည်းကို ခိုးကြတာဖြစ်တယ်၊ ဒါပေမဲ့
အမှုဖွင့်မဖွင့်ကိုတော့ မသိရပါ” ဟု ဒေသခံ လူငယ်တဦးက ဆိုသည်။
ထို့အပြင် သြဂုတ်လ ၂၆ ရက်နေ့ညက
ဟားခါးပြည်သူ့ဆေးရုံမှ အတွင်းလူနာဖြစ်သူ Pi Dawt Nu ၏ ကျပ်ငွေ တသိန်း ၊
သြဂုတ်လ ၂၉ ရက်နေ့တွင် ဆိုင်ကယ် နှစ်စီးနှင့် မိုဘိုင်းဖုန်း စုစုပေါင်း
ကျပ်ငွေ ၁၅ သိန်း ခိုးယူခဲ့ကြသည်။
အလားတူ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၉ ရက်ညက
ထန်တလန်မြို့ပေါ်တွင် ဆေးဆိုင်၊ နိုင်ငံခြား အထည်ဆိုင်၊ ကက် ဆက်ပြင်ဆိုင်၊
စားသောက် ဆိုင် နှစ် ဆိုင်နှင့် ရွှေဆိုင်မှ ကျပ်ငွေ ၅ သိန်းဖိုးု
တညတည်းနဲ့ဖောက်ထွင်းခိုးယူသွား ခဲ့ကြသည်။
သြဂုတ်လ ၂၆- ၂၉ ရက်နေ့ခိုးမှုကိုသာ ပြည်သူ့ရဲတွေက ဖော်ထုတ်နိုင်ခဲ့ကြသော်လည်း ကျန် ခိုးမှု တွေကို မဖော်ထုတ် နိုင် သေးကြောင်း သိရသည်။
ခိုနှုမ်းထုန် – သတင်းဌာန
No comments:
Post a Comment