ဧဒင်အချစ်ပုံပြင်: ဧည့်လမ်းညွှန် ၄ ဦးအား အမေရိကန်ဒေါ်လာ ၂၀၀၀ နှင့် မြန်မာကျပ်ငွေ သုံးသိန်းအား ပေးအပ်ထားကြောင်း Air Bagan လေကြောင်းလိုင်းမှ

Wednesday, 26 December 2012

ဧည့်လမ်းညွှန် ၄ ဦးအား အမေရိကန်ဒေါ်လာ ၂၀၀၀ နှင့် မြန်မာကျပ်ငွေ သုံးသိန်းအား ပေးအပ်ထားကြောင်း Air Bagan လေကြောင်းလိုင်းမှ

Air Bagan လေယာဉ်ပျက်ကျမှုဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် နိုင်ငံခြားသား ခရီးသည်များနှင့် မြန်မာ ဧည့်လမ်းညွှန် ၄ ဦးအား အမေရိကန်ဒေါ်လာ ၂၀၀၀ နှင့် မြန်မာကျပ်ငွေ သုံးသိန်းအား ပေးအပ်ထားကြောင်း Air Bagan လေကြောင်းလိုင်းမှ Managing Director ဦးထူးထက်ထွေးက ယနေ့ညနေတွင် ကန်တော်ကြီးပဲလေ့စ် ဟိုတယ်တွင် ပြုလုပ်သည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
နိုင်ငံခြားသား ခရီးသည်များအား ပြည်တွင်း၌ ယာယီခရီးသွားလာခွင့်အား လ၀က နှင့် ညှိနှိုင်း၍ ဆောင်ပေးထားကြောင်းလည်း သိရသည်။
"ကျွန်တော်တို့ လေကြောင်းလိုင်းရဲ့ အပြင်းထန်ဆုံး accident တစ်ခုပါ။ လေယာဉ်မှူတွေနဲ့ crews တွေအားလုံးကို သေချာ လေ့ကျင့်သင်ကြားပေးနိုင်ခဲ့လို့ ခရီးသည်တွေရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့တာပါ" ပြောကြားခဲ့ပါသည်။
by- Eleven Media

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...