ဧဒင်အချစ်ပုံပြင်: ထိုင်းနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျနေသော မြန်မာအလုပ်သမားများမကြာမီလွှတ်ပေးနိုင်ဖွယ်ရှိဟုဆို
ထိုင်းနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျနေသော မြန်မာအလုပ်သမားများမကြာမီလွှတ်ပေးနိုင်ဖွယ်ရှိဟုဆို
ထိုင်းနိုင်ငံရှိ
အကျဉ်းထောင်အသီးသီးတွင် အကျဉ်းကျနေသော မြန်မာအလုပ်သမားများကို မကြာမီ
လွှတ်ပေးနိုင်ဖွယ်ရှိကြောင်းအလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက
ပြောသည်။
''ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ အလုပ်သမားတွေရဲ့
အခွင့်အရေးတွေ အားလုံးအတွက် တတ်နိုင်သလောက် တောင်းဆိုခဲ့တဲ့အထဲမှာ အကျဉ်းကျ
နေတဲ့ အလုပ်သမားတွေအတွက် တောင်းဆိုခဲ့တာတွေ ရှိတယ်။ ဒါပေမဲ့
အကျဉ်းသားကိစ္စကြတော့ အလုပ် သမားဝန်ကြီးဌာနက ကိုင်တွယ်တာ မဟုတ်ဘဲ ပြည်ထဲရေးက
ကိုင်တွယ် တာဖြစ်တာကြောင့် ပြောဖို့တော့ခက် တယ်။ ဒါပေမဲ့ အတတ်နိုင်ဆုံး
တောင်းဆိုခဲ့တဲ့အတွက် သူတို့က လည်း ပြန်လည်သုံးသပ်စိစစ်ပေးမယ်
လို့ပြောခဲ့တယ်။ ဒါကြောင့် မကြာခင် မှာ အနည်းနဲ့အများတော့ လွတ်
မြောက်လာနိုင်ပါတယ်''ဟု ၄င်းက The Messenger ဂျာနယ်သို့ ပြောသည်။
လက်ရှိတွင် ထိုင်းနိုင်ငံရှိ အကျဉ်း ထောင်အသီးသီးတွင် အကျဉ်းကျ နေသော
မြန်မာနိုင်ငံသားပေါင်း ၁ဝဝဝဝ ဝန်းကျင်ခန့်ရှိပြီး အချို့မှာ
ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ အဖမ်းခံ ရကာ အကျဉ်းကျနေသူများလည်း ရှိကြောင်း
ထိုင်းနိုင်ငံမှ ပြန်လည် ရောက်ရှိလာသော မြန်မာ အလုပ် သမားအချို့ထံမှ
သိရသည်။
''သူတို့ဆီမှာက လူမျိုးစွဲစိတ် တွေရှိတယ် ထင်တယ်။
မြန်မာဆိုရင် ထိုင်းရဲတွေက အကြောင်းမရှိ အ ကြောင်းရှာပြီး ပြဿနာရှာတတ် တယ်။
အခုနောက်ပိုင်းတော့ အလုပ် သမားဝန်ကြီးဌာနက ယာယီနိုင်ငံ ကူးလက်မှတ်တွေ
ထုတ်ပေးတော့မှ နည်းနည်းအဆင်ပြေသွားတာ။ အရင် က ဆိုရင်
မူးယစ်ဆေးဝါးမသုံးဘဲနဲ့ ရဲတွေက သူတို့ဘာသာယူလာပြီး ရှာဖွေတဲ့ ပုံစံမျိုးနဲ့
အိတ်ထဲ လက် နှိုက်ပြီး ပြန်အထုတ်မှာ မူးယစ်ဆေး တွေ့တယ်ဆိုပြီး ဖမ်းသွားတဲ့
မြန်မာ နိုင်ငံသားတွေအများကြီး ရှိခဲ့တယ်။ ထိုင်းနိုင်ငံမှာ မူးယစ်ဆေးကို
ပြင်း ပြင်းထန်ထန်ကန့်ကွက်ထားပြီးတော့ အရေးယူရင်လည်း ပြင်းထန်တာကို
တွေ့ရတယ်။ ထောင်ဒဏ်ကို နှစ် ၃ဝ ကနေ တစ်သက်တစ်ကျွန်းထိ ချတာ
မျိုးတွေရှိတယ်'' ဟု ထိုင်း နိုင်ငံမှ ပြန်လည်ရောက်ရှိလာသော
သီးလေးသီးအဖွဲ့မှ ကိုကြယ်သီးက ပြောသည်။
ယင်းကဲ့သို့ ထိုင်းနိုင်ငံရှိ
အကျဉ်း ထောင်များတွင် မတရားအကျဉ်း ကျခံနေရသော အကျဉ်းသားများ ရှိပါက
ကာယကံရှင်များ အနေဖြင့် တရားဝင် တင်ပြလာလျှင် နိုင်ငံတော် အဆင့်
တစ်ရပ်အနေဖြင့် ဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး ထိုသို့ မဟုတ် ပါက
ပြစ်မှုကျူးလွန်ခြင်းကြောင့် အကျဉ်းကျခံနေရသည်ဟုသာ သတ်
မှတ်နိုင်မည်ဖြစ်ကြောင်း အလုပ်သမား ဝန်ကြီးဌာနမှ အဆင့်မြင့်တာဝန်ရှိသူ
တစ်ဦးက The Messenger ဂျာနယ်သို့ ပြောသည်။
ထိုင်းနိုင်ငံရှိအကျဉ်းထောင်များ တွင် အကျဉ်းကျခံနေရသည့် မြန်မာ နိုင်ငံသား
၁ဝဝဝဝ ဝန်းကျင်ရှိသည့် အနက် ၂ဝ ရာခိုင်နှုန်းမှာ အနှစ် ၃ဝ မှ သေဒဏ်အထိ
ချမှတ်ခံထားသူများ ဖြစ်ကြောင်းပြည်တွင်းမီဒီယာ အချို့
တွင်ဖော်ပြထားချက်အရသိရသည်။
by-
The Messenger ဂျာနယ်
No comments:
Post a Comment