ဧဒင်အချစ်ပုံပြင်: "ကမ္ဘာပေါ်ရှိ ကိုက်အားအကောင်းဆုံးသတ္တဝါ ပရန်းညား အနက်ရောင်ငါး"

Monday 24 December 2012

"ကမ္ဘာပေါ်ရှိ ကိုက်အားအကောင်းဆုံးသတ္တဝါ ပရန်းညား အနက်ရောင်ငါး"

ကမ္ဘာ့သမိုင်း တစ်လျှောက်တွင် ကိုက်အား အကောင်းဆုံးသော သတ္တဝါများအနက် ထိပ်ဆုံးနေရာ၌ ရှိနေသည်မှာ ပရန်းညား အနက်ရောင် ငါးများဖြစ်ကြောင်း သိရှိရသည်။ အမေဇုန်မြစ်အတွင်း ရှင်သန်ကျက်စားသော သားစား ပရန်းညား မျိုးစိတ်များအနက်မှ အဆိုပါ အနက်ရောင် ပရန်းညားများသည် ကိုက်အား အပြင်းထန်ဆုံး ဖြစ်သည်။


ကမ္ဘာဦး ကာလက ရှင်သန် ကျက်စားခဲ့သော T-Rex ဒိုင်နိုဆောကြီးများမှအစ၊ ငါးမန်းဖြူကြီးများထိ အလွန်ကြီးမားသော ကိုက်အားကို ပိုင်ဆိုင်ထားသော်လည်း အစွယ်ငေါငေါ သွားများ ရှိနေသည့် အနက်ရောင် ပရန်းညားများလောက် ကိုက်အား မပြင်းဟု ဆိုသည်။ အနက်ရောင် ပရန်းညားများသည် (၁၅)လက်မမျှထိ အရှည်ရှိတတ်ကြပြီး ၎င်းတို့၏ ကိုက်အားသည် ခန္ဓာကိုယ် အလေးချိန်၏ အဆ(၃၀) ရှိနေကြောင်း ပညာရှင်များက တွေ့ရှိခဲ့သည်။
by- Planet

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...