ဧဒင်အချစ်ပုံပြင်: ပြည်မြို့တွင် တက္ကသိုလ်အုတ်နံရံပြိုကျသည့်အတွက် ၄ ဦး ဒဏ်ရာရ(ရုပ်/သံ)

Friday 7 December 2012

ပြည်မြို့တွင် တက္ကသိုလ်အုတ်နံရံပြိုကျသည့်အတွက် ၄ ဦး ဒဏ်ရာရ(ရုပ်/သံ)

ပြည်မြို့တွင် တက္ကသိုလ်အုတ်နံရံပြိုကျသည့်အတွက် ၄ ဦး ဒဏ်ရာရပြည်မြို့မှာ တက္ကသိုလ်အုတ်နံရံ ပြိုကျတဲ့အတွက် ကလေးငယ် ၃ ဦးနဲ့ အမျိုးသမီးငယ် ၁ ဦး ထိခိုက် ဒဏ်ရာရရှိသွားပြီး ဆေးရုံမှာ တက်ရောက်ကုသနေရပါတယ်။
ဒီဇင်ဘာလ ၆ ရက်နေ့က ပြည်တက္ကသိုလ် ကျောင်းဆောင်သစ် ဆောက်လုပ်ဖို့ အုတ်တံတိုင်းဘက်ကို ကျောက်စရစ်ခဲတွေ လာချတာကြောင့် ၀န်ပိပြီး ပြိုကျခဲ့တာပါ။
ဒီပြိုကျမှုကြောင့် အုတ်နံရံဘေးမှာ ဆော့ကစားနေတဲ့ အသက် ငါးနှစ်အောက် ကလေး ၃ ဦးနဲ့ အလုပ်က ပြန်လာတဲ့ အသက် ၁၆ နှစ် အရွယ် မိန်းကလေး ၁ ဦးကို ပိပြီး  ထိခိုက်ဒဏ်ရာ
ရရှိခဲ့ကြတာ ဖြစ်ပါတယ်။
အသက် ၃ နှစ်အရွယ် မောင်အောင်ကောင်းဆက်ဟာ ဦးခေါင်းမှာ ဒဏ်ရာ အပြင်းအထန် ရရှိသွားပြီး စိုးရိမ်ရတာကြောင့်  ရန်ကုန်ဆေးရုံကို ပို့ပြီး ကုသနေတယ်လို့ မျက်မြင်တွေက ပြောပါတယ်။
ဒီအမှုအခင်းနဲ့ ပတ်သက်လို့ ပြည် အမှတ် ၁ ရဲစခန်းက အမှုဖွင့်ထားပြီး ကားမောင်းသူကို အရေးယူထားတယ် လို့ သိရပါတယ်။ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...