ဧဒင်အချစ်ပုံပြင်: "၂ဝ၁၁ အကယ်ဒမီဗန်းကိုင်ပျိုမေတို့ရဲ့ ရင်ခုန်စကား"

Monday 24 December 2012

"၂ဝ၁၁ အကယ်ဒမီဗန်းကိုင်ပျိုမေတို့ရဲ့ ရင်ခုန်စကား"

Photo: "၂ဝ၁၁ အကယ်ဒမီဗန်းကိုင်ပျိုမေတို့ရဲ့ ရင်ခုန်စကား"

အကယ်ဒမီပေးပွဲ နီးလာတာနဲ့ အမျှ အကယ်ဒမီဗန်းကိုင် ပျိုမေတွေ ကို ပရိသတ်တွေက စိတ်ဝင်တစား နဲ့ စောင့်မျှော်နေတတ်ကြပါတယ်။ ဒီနှစ် ဘယ်သူတွေများ အကယ်ဒမီ ဗန်းကိုင်ဖြစ်ကြမလဲပေါ့။ အကယ်ဒမီ ဗန်းကိုင်ဖြစ်ခွင့်ရတဲ့ ပျိုမေတွေအနေ နဲ့ ဝါသနာပါရာ အနုပညာ လမ်းကြောင်းပေါ် လျှောက်လှမ်းကြတဲ့အခါ အကယ်ဒမီဗန်းကိုင်ဆိုတဲ့ ဂုဏ်လေးကို လူသိများတာတော့ အမှန်ပါ။ အကယ်ဒမီဗန်းကိုင် ဖြစ် ခွင့်ရဖို့ဆိုတာ ကလည်း မလွယ်ကူပါဘူး။ 

ဆန်ခါတင်အဆင့်ဆင့်ကို ကျော်ဖြတ်ပြီးတော့မှ နောက်ဆုံး အကယ်ဒမီ ဗန်းကိုင် အရည်အချင်းပြည့်စုံပြီဆိုမှ အကဲဖြတ်ဒိုင်တွေက ဗန်းကိုင် အဖြစ် ရွေးချယ်ကြတာ ဖြစ် ပါတယ်။ ယခု နှစ်အတွက် အကယ်ဒမီဗန်းကိုင် ၈ ယောက်ကို ရွေးချယ် လိုက်ပြီဖြစ်ပါတယ်။ ဗန်းကိုင်အဖြစ် ရွေးချယ်ခြင်း ခံလိုက်ရတဲ့ ဗန်းကိုင် ၈ ယောက်ကလည်း ပျော်ရွှင်မှုတွေနဲ့ အတူ ရင်ခုန်နေကြပြီဖြစ်ပါတယ်။  ပေါ်ပြူလာကလည်း ဗန်းကိုင်တစ်ယောက်ချင်း စီကို အင်တာဗျူးပြီး သူတို့ရဲ့ ရင်ခုန်သံတွေကို ဖော်ပြပေး လိုက်ရပါတယ်။ 

မော်ဒယ်လည်း လုပ်နေတော့ လမ်းလျှောက်ပုံလျှောက်နည်း ကို ပြင်ဆင်စရာမလိုဘူးပေါ့ . . .

ဆန်းသစ်လ
''ဒီနှစ်က အကယ်ဒမီဗန်းကိုင်ကို ရွေးတာ လျှောက်လွှာတင်တဲ့သူတွေ အကုန်လုံးကို ခေါ်တွေ့ပြီး လူတွေ့စစ်ဆေးပြီး ဆန်ခါတင် အဆင့်ဆင့် ရွေး ချယ်တယ်။ ပြီးမှ ၈ ယောက်ကို ရွေးတဲ့အထဲမှာ ပါဝင်ခွင့်ရတဲ့ အတွက် တအားဝမ်းသာရပါတယ်။ ကိုယ်က မော်ဒယ်လည်း လုပ်နေတော့ လမ်းလျှောက်ပုံလျှောက်နည်းကို ပြင်ဆင်စရာမလိုဘူးပေါ့။ အကယ်ဒမီ ဗန်းကိုင်ဖြစ်လာတော့ မီဒီယာ တွေကလည်း လက်တွဲခေါ်ကြ တယ်။ တော်တော်များများကလည်း သိလာကြတယ်။ ရှေ့လျှောက်ရမယ့် အနုပညာကတော့ ကိုယ့်ရဲ့ ကြိုးစားအားထုတ်မှုနဲ့ လုံ့လဝီရိယပေါ်ပဲ မူတည် ပါတယ်။ ဗန်းကိုင်ပါသွားပြီး ဘာမှ မလုပ်ရင်လည်း ဖြစ်လာမှာမဟုတ် ဘူးလေ။ အနုပညာ မျိုးရိုးက အဘိုးက သရုပ်ဆောင်ဝါးခယ်မဦးရဲမောင်၊ အမေ ကအဆိုတော်မေရွက်ဝါပါ။ညီမ ဇာတ် ကား ၂ကား ရိုက်ထားတယ်။ တစ်ကားက ဒီဗီဒီဇာတ်ကားကို ကိုစိုင်းစိုင်းခမ်းလှိုင်၊ ဒါရိုက်တာ ဦးမီးပွား ပါ။ နောက် တစ်ကားက ကိုမိုးအောင်ရင်နဲ့ပါ။ ဓာတ်ပုံတွေ၊ဗီစီဒီတွေလည်း ရိုက်ထားပါတယ်။ ဒီလိုဗန်းကိုင်အဖြစ် ရွေးချယ်ခဲ့တဲ့ လူကြီးတွေ ကိုလည်း ကျေးဇူးတင်ပါတယ်''

မမျှော်လင့်ဘဲ ရသွားတဲ့အတွက် ရင်တွေလည်း တအားခုန်တယ်...
သွန်းဆက်
''အကယ်ဒမီပေးပွဲရဲ့ ဗန်းကိုင် ခွင့်ရတဲ့အတွက် တအားပျော်တယ်။ မမျှော်လင့်ဘဲ ရသွားတဲ့အတွက် ရင် တွေလည်းတအားခုန်တယ်။ ထင် လည်းထင်မထားဘူး။ ရွှေ FM၃နှစ် ပြည့်မှာလည်းဗန်းကိုင်လုပ်ခဲ့ဖူးတယ်။ ညီမက သရုပ်ဆောင်လုပ်ဖို့ စဉ်းစား ထားပြီး ရှိုးတွေကိုလည်း အားရင် အားသလိုလျှောက်သွားမှာပါ။ ဂျာနယ်၊ မဂ္ဂဇင်းကာဗာတွေ ရိုက်ထားတယ်။ ကြော်ငြာရိုက်ထားတယ်။ ဘေလ် ဘုတ် ရိုက်ထားတယ်။ သီချင်း MTV တွေမှာသရုပ်ဆောင်ထားတယ်''

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...