တိမ်းရှောင်နေရသူများအား လိုက်လံကူညီပေးနေသော ရွှေတွံတေးဆရာတော်က “''ခေါက်ဆွဲခြောက်နဲ့ ငါးသေတ္တာဘူးတွေကိုတော့ ထောက်ပံပေးထားတယ်။ ကယ်ရီကို ဘတ် ၁သောင်းခွဲပေးပြီး
တက်လာသူတွေ၊ MOU နဲ့ တက်လာတဲ့သူတွေပဲ၊ မြန်မာအလုပ်သမားတွေကို ငဲ့ညှာပြီး ထိုင်းအစိုးရအနေနဲ့ အဆင်ပြေအောင် ဆောင်ရွက်စေချင်တယ်''ဟု မိန့်ကြားခဲ့သည်။
အလုပ်သမား ဥပဒေအရ MOU ပြုလုပ်စဉ်က ခေါ်ယူခဲ့သော အလုပ်ရှင်နှင့် အဆင်မပြေပါက နယ်စပ်အထိ ပြန်လာပြီးမှ အခြားအလုပ်ရှင်ကို စောင့်ရကြောင်း၊ အလုပ်ရှင်နှင့် အဆင်မပြေသော အလုပ်သမားအချို့က နယ်စပ်အထိ ပြန်မလာတော့ပဲ ထိုင်းနိုင်ငံအတွင်း တရားမ၀င် နေထိုင်ကြကြောင်းလည်း ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတစ်ဦးက ပြောပြပါသည်။
ထိုင်းနိုင်ငံတွင် ယခင်က အလုပ်သမား မှတ်ပုံတင်များ ပြုလုပ်ပေးခဲ့ပြီး မှတ်ပုံတင်ခ ဘတ် ၃၈၀၀ မှ ဘတ် ၅၀၀၀ လောက်အထိ ကုန်ကျခံရပြီး ၂၀၁၀ ခုနှစ်တွင် နှစ်နိုင်ငံသဘောတူညီချက်အရ ယာယီနိုင်ငံကူးလက်မှတ်များ ပြုလုပ်ပေးခဲ့ပါသည်။ ထိုသို့ပြုလုပ်ရာတွင် အလုပ်သမားမှတ်ပုံတင်နှင့် ယာယီနိုင်ငံကူးလက်မှတ်အတွက် စုစုပေါင်း ဘတ် ၁ သောင်းဝန်းကျင် ကုန်ကျသောကြောင့် အလုပ်သမားများအတွက် ခက်ခဲသည်ဟုလည်း သိရပါသည်။
အလုပ်လုပ်ခွင့် ဥပဒေအရ အလုပ်သမားလက်မှတ် ပြုလုပ်ပေးသော အလုပ်ရှင် တစ်ဦးတည်းထံတွင်သာ အလုပ်လုပ်ခွင့်ရပြီး အဆင်မပြေပါက အခြားအလုပ်ရှင်ထံ ပြောင်းလဲလုပ်ကိုင်ခွင့် မရှိသောကြောင့် အလုပ်သမားအချို့ အခက်အခဲကြုံနေကြရပါသည်။ ထိုင်းနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ သန်းခန့်ရှိပြီး ၁.၂ သန်းမှာ တရားဝင် အထောက်အထားရှိသူဖြစ်ကာ ၃ သိန်းခန့်မှာ တရားမ၀င် ၀င်ရောက်နေထိုင်သူများဖြစ်ကြောင်း ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီး ဌာနက ထုတ်ပြန်ထားပါသည်။
by- news-eleven.
No comments:
Post a Comment