ဒီဇင်ဘာလ ၂၀ ရက်နေ့နံနက်ပိုင်းမှ
စတင်ရွေ့ အင်တာနက်သတင်းဝက်
ဆိုဒ်များတွင်ကျိုက်ထီးရိုးကင်မွန်းစခန်း
အား ကေအန်ယူလက်နက်ကိုင်အဖွဲ့မှ
ဒီဇင်ဘာ ၁၉ရက်နေ့တွင် ၀င်စီးကာ ဆတ်ကြေးတောင်းဟူသော
သတင်းများ ထွက်ပေါ်ခဲ့သည်။
အဆိုပါသတင်းနှင့်ပတ်သက်ရွေ့ ကျိုက်ထီးရိုးတောင်တက်မော်တော်ယာဉ်အသင်း
အားဆက်သွယ်မေးမြန်းရာတွင် “အင်တာနက်သတင်းပါ အချက်အလက်များသည်
မှားယွင်းပါကြောင်း၊ ဖြစ်စဉ်အမှန်မှာ ဒီဇင်ဘာ ၁၄ ရက်နေ့ ညနေ ၅နာရီခွဲခန့်တွင် ကေအန်ယူလက်
နက်ကိုင်အဖွဲ့ဟုယူဆရသော အင်အား ၆ ဦးခန့်သည်၁၀မိနစ်ကုန်းသို့ လက်နက်
ကိုင်ဆောင်ကာ ရောက်ရှိလာပြီးယာဉ်လိုင်းတာဝန်ရှိသူတစ်ဦးအား လာမည့်
ဒီဇင်ဘာ ၂၁ ရက်နေ့တွင်တောင်တက်မော်တော်ယာဉ်တစ်စီးလျှင် ကျပ် ၅
သိန်းနှုန်းဖြင့်ဆတ်ကြေးပေးသွင်းရန် ပြောဆိုခဲ့ကြောင်း၊
ယင်းနောက် စေတီတော်ယာဉ်ပြင်တော်မှလူနာတင်ဆောင်မောင်နှင်လာသည့်
မော်တော်ယာဉ်အား ရပ်တန့်စေပြီးယာဉ်နှင့်အတူလိုက်ပါကာ ကင်မွန်းစခန်းသို့
ထွက်ခွါသွားခဲ့ပါကြောင်း၊
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ရွေ့ တာဝန်ရှိသူများသိရှိသွားသဖြင့် ည၇နာရီခန့်အချိန်တွင်
ကေအန်ယူဆက်ဆံရေးရုံးမှဦးအောင်သောင်းသိန်းနှင့်အဖွဲ့ဝင်များတောင်
တက်မော်တော်ယာဉ်ရုံးသို့ရောက်ရှိ လာပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့ပါကြောင်း၊
၁၀ မိနစ်ကုန်း ဖြစ်စဉ်တွင် လုပ်ဆောင်ခဲ့သောတပ်ဖွဲ့ဝင်များသည် အထက်လူကြီး
များမသိရှိပဲလူကြီးများမရှိခိုက်အရက်သေစာသောက်စားမူးယစ်နေခြင်းကြောင့်ဖြစ်
ပွားခဲ့ခြင်းဖြစ်သည့်အတွက်အဖွဲ့ကိုယ်စားတောင်ပန်ပါကြောင်း၊
စိုးရိမ်ကြောက်လန့်မှုမရှိရန်နှင့်ဆတ်ကြေးပေးသွင်းမှုကိုလည်း ဆောင်ရွက်ရန်မလို
ပါကြောင်းနှင့်နောက်နောင်မဖြစ်ပွားစေရန်အတွက်ကိုလည်းပြောဆိုဆွေးနွေးသွားခဲ့
ပါကြောင်း၊ထိုဖြစ်စဉ်ဖြစ်ပွားပြီးပွားစေရေးအတွက်ကိုလည်း ထိန်းသိမ်းပေးသွား
မည်ဖြစ်ပါကြောင်းဖြင့်ပြောဆိုခဲ့ပါကြောင်း ရွှေမြန်မာ မီဒီယာ ဂရုတွင် ဖေါ်ပြ
ခဲ့ပြီးဖြစ်ပါသည်။
နောက်ဆက်တွဲသိရှိရသည်မှာ ဒီဇင်ဘာလ ၂၃ ရက်နေ့ မနက်ပိုင်းတွင် KNU
တပ်မဟာ(၁)မှ တပ်ခွဲမှူး မောင်စိန်နှင့် ဒုတပ်ခွဲမှူး ဆာရိုးတို့နှစ်ဦးမှ ကင်ပွန်း
စခန်းကိုရောက်ရှိလာခဲ့ပြီး ကျိုက်ထီးရိုး ဘုရားဂေါပက ဥက္ကဌ ဦးစံမြင့်နှင့်တောင်တက် မော်တော်ယာဉ်အသင်း ဥက္ကဌ ဦးဝိတင်တို့နှင့် တွေ့ဆုံပြီး ကမ်းဘဲတောင်းယူသွားသော ငွေ ၇ သိန်းကို ပြန်လည် ပေးအပ်ခဲ့ကြောင်း ကျိုက်ထီးရိုး တောင်တက်မော်တော်ယာဉ်အသင်းမှ တာဝန်ရှိသူတစ်ဦးက
ပြောပြခဲ့ပါသည်။
မင်းနန္ဒကျော်
ရွှေမြန်မာမီဒီယာဂရု
No comments:
Post a Comment