ဧဒင်အချစ်ပုံပြင်: DETAIL NEWS ဒိုင်းမွန်းပလာဇာ ခေါင်မိုးပေါ်မှ ခုန်ချရန် ကြံစည်သူအား ရဲမှ အချိန်မီ တားဆီး

Tuesday 11 December 2012

DETAIL NEWS ဒိုင်းမွန်းပလာဇာ ခေါင်မိုးပေါ်မှ ခုန်ချရန် ကြံစည်သူအား ရဲမှ အချိန်မီ တားဆီး

၂၀၁၂ခုနှစ် ဒီဇင်ဘာ (၁၁)ရက်နေ့ နံနက် ၁၁နာရီဝန်းကျင်တွင်မန္တလေးမြို့ရှိဒိုင်းမွန်းပလာဇာ ခေါင်မိုးပေါ် မှ အောက်သို့ ခုန်ချရန်ကြံစည်သူအသက်(၃၀)ကျော် ကိုမွတ်တင်အား မန္တလေးမြို့ အမှတ်(၈)ရဲစခန်းမှ  အချိန်မီတားဆီး နိုင်ခဲ့ကြောင်း သိရှိရသည်။
ဒိုင်းမွန်းပလာဇာ အပေါ်ဆုံးထပ်မှ ခုန်ချရန် ကြံစည်သူ ကိုမွတ်တင်သည်ဆိုင်ကယ်မောင်းနှင်သူတစ်ဦးဖြစ်ပြီး ၄င်း၏ ဇနီးသည်
ဒိုင်းမွန်းပလာဇာတွင်ညဘက်ဈေးပိတ်ချိန်တွင် လျှပ်စစ်မီးများ လိုက်လံပိတ်ရသူ တစ်ဦးဖြစ်သည်ဟုသိရှိရသည်။
 
နေ့လည် ၁၂နာရီခန့်အချိန်တွင် ဇနီးဖြစ်သူမှ ဒိုင်းမွန်းပလာဇာခေါင်မိုးထပ်သို့ သွားရောက်ကာ ကြံစည်သူ ကိုမွတ်တင် အားအောက်သို့ပြန်ဆင်းရန် ဖျောင်းဖျပြောဆိုခြင်းများ ပြုလုပ်ခဲ့ပြီး နေ့လည်၁၂နာရီခွဲခန့်အချိန်တွင် အမှတ်(၈)ရဲစခန်းမှ ရဲဝန်ထမ်းများစစ်ဆေးခြင်းများ ပြုလုပ်လျှက်ရှိကြောင်း သိရှိရသည်။.
မိမိကိုယ်ကိုသတ်ရန်အားထုတ်မှု ( ပုဒ်မ ၃၀၉) ကျူးလွန်ပါက အလုပ်မဲ့ဖြင့် ထောင်ဒဏ်၁နှစ် ( သို့) ငွေဒဏ် စသည့် ဒဏ်၂ရပ်စလုံးဖြင့် တရားရုံးမှ ချမှတ်နိုင်ကြောင်း ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေတွင်ဖော်ပြချက်အရ သိရသည်။
from- မင်းမင်းလတ်- မန္တလေး (မြစ်မခ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...