၂၀၁၂ခုနှစ် ဒီဇင်ဘာ (၁၁)ရက်နေ့ နံနက်
၁၁နာရီဝန်းကျင်တွင်မန္တလေးမြို့ရှိဒိုင်းမွန်းပလာဇာ ခေါင်မိုးပေါ် မှ
အောက်သို့ ခုန်ချရန်ကြံစည်သူအသက်(၃၀)ကျော် ကိုမွတ်တင်အား မန္တလေးမြို့
အမှတ်(၈)ရဲစခန်းမှ အချိန်မီတားဆီး နိုင်ခဲ့ကြောင်း သိရှိရသည်။
ဒိုင်းမွန်းပလာဇာ အပေါ်ဆုံးထပ်မှ ခုန်ချရန်
ကြံစည်သူ ကိုမွတ်တင်သည်ဆိုင်ကယ်မောင်းနှင်သူတစ်ဦးဖြစ်ပြီး ၄င်း၏ ဇနီးသည်
ဒိုင်းမွန်းပလာဇာတွင်ညဘက်ဈေးပိတ်ချိန်တွင် လျှပ်စစ်မီးများ လိုက်လံပိတ်ရသူ
တစ်ဦးဖြစ်သည်ဟုသိရှိရသည်။
မိမိကိုယ်ကိုသတ်ရန်အားထုတ်မှု ( ပုဒ်မ ၃၀၉)
ကျူးလွန်ပါက အလုပ်မဲ့ဖြင့် ထောင်ဒဏ်၁နှစ် ( သို့) ငွေဒဏ် စသည့်
ဒဏ်၂ရပ်စလုံးဖြင့် တရားရုံးမှ ချမှတ်နိုင်ကြောင်း
ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေတွင်ဖော်ပြချက်အရ သိရသည်။
from- မင်းမင်းလတ်- မန္တလေး (မြစ်မခ)
No comments:
Post a Comment