ကျောင်းသားတွေ မှားလား၊ ပါမောက္ခချုပ် မှားလား...မေးစရာ။
++ ဘက်က နှစ်ဖက်။ ပါချုပ်ဖက်က စည်းကမ်းနဲ့ကိုင်ရင် ကျောင်းသားတွေဖက်က ဖြေစရာရှိမလား။
++ ကျောင်းသားတွေဖက်က ပါချုပ်ကို Student-Centered approach ပုံစံနဲ့ သွားနေလားလို့ မေးရင်ရော ဖြေနိုင်ပါ့မလား။
စဉ်းစားစရာတွေပါ။ ပြဿနာတော့ တက်နေပြီ။
ဆေးကျောင်းသားလေးရာ။ သိတဲ့အတိုင်း မြန်မာပြည်မှာ ဆေးကျောင်းတက်တဲ့သူ အများစုဟာ တက္ကသိုလ်ဝင်တန်းမှာ ထိပ်တန်း အမှတ်ရခဲ့တဲ့ လူတွေ။ ဥာဏ်ရည်အားဖြင့် ထူးချွန်သူတွေ။
ဘာကြောင့် ဒီလိုဖြစ်သွားလဲ။ စဉ်းစားချင်စရာကောင်းပါတယ်။
(၁) ကျောင်းပြီးရင် ရမယ့် Incentive ကျလာလို့လား။ (Low level incentives)
(၂) ကျောင်းဟာ ဘဝအတွက် ထရိန်နင်ကွင်းကောင်းကောင်း ဆိုတဲ့ ခံယူချက် တောင် မြန်မာပြည်မှာ အခုအချိန်အထိ Quality Control (အတိုင်းအတာတစ်ခုအထိရှိနေဆဲ) ရှိတဲ့ ကျောင်းတွေမှာ ပျောက်ဆုံးလာပြီလား။ (Declining Trusts on Gov Institutions)
(၃)ကျောင်းသားတွေမှာ ရွေးချယ်စရာ မရှိလွန်းလို့ပဲ ဝါသနာမပါဘဲ ဒီလို ပေးဆပ်ရမှုများတဲ့ ပရော်ဖက်ရှင်ကို ရွေးချယ်လာပြီး ဝါသနာနဲ့ လုပ်ရတာ ပဋိပက္ခတွေဖြစ်လာသလား ( Choice of Career Varieties)
(၄) ရွေးချယ်ပိုင်ခွင့် နည်းပါးခြင်း၊ ခံစားခွင့် နည်းပါးခြင်းနဲ့ ဆက်စပ်ဖြစ်တည်လာတဲ့ Competition culture ကျဆုံးလာတာလား။ (နိုင်ငံတကာမှာ ဆေးကျောင်းတက်ခွင့်ရဖို့ ယှဉ်ပြိုင်ရတာလဲ လွယ်တော့မလွယ်လှဘူး။ မြန်မာပြည်မှာက relatively easyလို့ ဆိုရမယ်ထင်တယ်။ အနည်းဆုံးတော့ ငွေကြေးက အခြားထက် သက်သာပါသေးတယ်။ ကျောင်းစရိတ်ပေါ့)
++ မြင်စေ့ချင်တာက ဒီပြဿနာဟာ ပါချုပ်နဲ့ ကျောင်းသား ပြဿနာမဟုတ်ဘူး။ ထွက်ပေါက် တစ်ခုတည်းပေးထားလို့ စုပြုံတိုးလာပြီး အသက်ရှု ကြပ်လာတဲ့ အနေအထားနဲ့ ဘေးထွက် ဆိုးကျိုးတွေ ဖြစ်လာတယ်လို့ မြင်ရမှာ ဖြစ်ပါတယ်။
++ စိန်ခေါ်မှုတွေ မွတ်သိပ် ဆာလောင်နေတဲ့ လူငယ်ထုကို ဘာအလုပ်တွေ ဖန်တီးပေးမလဲ ဆိုတဲ့ ပြဿနာကို မြင်စေချင်တာဖြစ်ပါတယ်။
++ တိုင်းပြည်ရဲ့ ဘတ်ဂျက်ကို အချိုးညီညီ ခွဲဝေ သုံးစွဲခြင်း မရှိခဲ့မှုကနေ ကစဥ့်ကလျား ဖြစ်သွားတဲ့ ဝန်ကြီးဌာနများရဲ့ ကျဆင်းလာသော စွမ်းဆောင်ရည်နဲ့ ပြိုလဲသွားတဲ့ စီးပွားရေးစနစ်က ဘာတွေကို ဖြစ်ပေါ်စေနေသလဲဆိုတာ မြင်တတ်ဖို့ပါပဲ။
++ ဒီကေ့စ်ဟာ Political Freedom နဲ့ တိုက်ရိုက်ဆိုင်ပါဘူး။ စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို အရေးတစ်ကြီး လိုအပ်နေပြီး လူငယ်တွေရဲ့ ခံစားခွင့်တွေ အိပ်မက်တွေကို အမြန်အကောင်အထည်ဖော်ဖို့ လိုအပ်နေတယ်ဆိုတာ ပြဆိုနေတဲ့ စီးပွားရေးဆိုင်ရာ အဖုအထစ်လို့ပဲ မြင်မိပါတယ်။
++ Sectors တွေ ကဏ္ဍညီညီ တက်လာမှသာ ဒီလို ပြဿနာတွေ နည်းသွားစရာ ရှိပါလိမ့်မယ်။
လွှတ်တော်မှာ ဒီပြဿနာကို ဘယ်လို ချဉ်းကပ်ကြမလဲ ဆိုတာ စောင့်ကြည့်ပါဦးမယ်။
မောက္ခ

No comments:
Post a Comment