ဧဒင်အချစ်ပုံပြင်: တရုတ်နယ်စပ်မြို့၌ အမျိုးသမီးတစ်ဦးအား ဓါးပြတိုက်သတ်ဖြတ်

Friday 4 January 2013

တရုတ်နယ်စပ်မြို့၌ အမျိုးသမီးတစ်ဦးအား ဓါးပြတိုက်သတ်ဖြတ်

သျှမ်းပြည်မြောက်ပိုင်းမူစယ်မြို့တွင် ငွေ
လဲလုပ်ငန်းလုပ်ကိုင်သည့်အမျိုးသမီး
တစ်ဦးအားဓါးပြတိုက်သတ်ဖြတ်မှုတခု
 ဖြစ်ပွားခဲ့ကြောင်း သိရသည်။



  “နန်းမွေခမ်း အသက် ၂၉ နှစ် ။ ငွေလဲလုပ်ငန်း လုပ်တာလေ။ မနေ့ညနေ ၅
နာရီခွဲလောက် အိမ်ပြန် ချိန်မှာ လူ ၂ ယောက်က လမ်းမှာစောင့်ပြီး ဓါးပြတိုက်တယ်။ သတ်လည်းသတ်သွားတယ်” ဟု မူစယ် ဒေသခံ စိုင်းယီ့ က ပြောသည်။
အဆိုပါ ဓါးပြ ၂ ယောက်က နန်းမွေခမ်းအား ဓါးပြတိုက်ယူရာ တရုတ်မြန်မာငွေပေါင်း
 ကျပ်သိန်း ၂၅၀ နှင့် ၃၀၀ ကြား ပါသွားသည်ဟုလည်း ဆိုပါသည်။
နန်းမွေခမ်း အား ခေါင်း၌လည်း တူဖြင့်ထုထားပြီး ရင်ဘတ်
သို့ သေနတ် ၂ ချက် ဆင့်ပစ်ထားကြောင်း မျက်မြင်များက ပြောပြသည်။
“ဓါးပြတိုက်တဲ့လူက ၂ ယောက်အဖွဲ့က များတယ်။ ၃ ယောက် ၄ ယောက်အထိ
ရှိတယ်။ လုတာယက် တာဆိုရင်တော့ တယောက်ဘဲ။ အိတ်လုပြေး
တာတွေလည်း ရှိတယ်။ ငွေလဲဆိုင်ထဲဝင်ပြီး ဓါးပြတိုက် တာလည်း ရှိ
တယ်။

 များသောအားဖြင့်တော့ အခုလို ညနေခင်း အိမ်ပြန်ချိန်မှာလုကြတာ များတယ်။
 ပြီးရင်လဲ ဓါးပြတွေကို ဖမ်းမိတာ ဘာညာမကြားဖူးဘူး။ တချို့ကလည်း
အဲဒီဓါးပြတွေက ရဲတွေထဲက အသိလို့ ပြောလိုပြော၊တချို့
ကလည်း တရုတ်ကိုင်းဖိ လူငယ်တွေလို့လည်း ပြောလိုပြောနဲ့ ဖမ်းမိတာလဲ
မရှိတော့ ဘယ်သူတွေလဲ မသိရပါဘူး။ သေချာတာတခုကတော့ လောင်း
ကစားဝိုင်းတွေများတယ်။ လောင်းရှုံးလို့ တိုက်ကြတယ်။

မူးယစ်ဆေးသုံးတဲ့လူတွေကနေ တိုက်ကြတယ်” ဟု ဈေးသည်အမျိုးသမီး
ကလည်း ပြောပါသည်။

killing place                                                    သတ်ဖြတ်ခံရသည့်နေရာ

မည်သို့ပင်ဆိုစေ လောင်းကစားဝိုင်းမျိုးစုံရှိသော ငွေဆင်ရာ ခေါ် Royal Club ကဲ့
သို့ နေရာများအားသက်ဆိုင်ရာမြို့နယ်အာဏာပိုင်များမှ အလေးထား စစ်ဆေးပေး
သင့်သည်ဟုလည်း မူဆယ်မြို့ခံကိုနေက ပြောပါသည်။

တရုတ်နယ်စပ် မူစယ်မြို့၌ ငွေလဲလုပ်ငန်းလုပ်ကိုင်သူ၊ ရွှေဆိုင်ပိုင်ရှင် အစရှိသည်
များအား မကြာခဏ ဓါးပြတိုက်လေ့ရှိရာ ယမန်နှစ် ဂျန္နဝါရီလက စံပယ်ရွှေဆိုင်
ပိုင်ရှင် သားအမိအား ဓါးပြတိုက်သတ်ဖြတ်မှု(ကျပ်သိန်း နှစ်ထောင်ဆုံးရှုံး၊
လူတစ်ဦးသေဆုံး)နောက်ပိုင်း ယခုတကြိမ် ဓါးပြတိုက်မှုမှာလည်း တန်ဖိုးကြီးဆုံး
ရှုံးမှုတစ်ခုဖြစ်သည်ဟုလည်း ဒေသခံများက ပြောပါသည်။

သို့သော် ဓါးပြတိုက်လုယက်မှုမှာ လတိုင်းနီးပါးကဲ့သို့ ရှိနေ
ကြောင်းလည်း ဒေသခံများက ပြောပါသည်။

 သျှမ်းသံတော်ဆင့်
   ဓါးပြတိုက်သတ်ဖြတ်ခံရသူ နန်းမွေခမ်း




from-shwemyanmarmediagroup

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...