စူပါဆလွန်းယာဉ်အား ကျော်တက်ရာမှ CANDA ယာဉ်တစ်စီး အရှိန်လွန် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ယင်းဖြစ်စဉ်မှာ
မရမ်းကုန်းမြို့နယ် ဝေဇယန္တာ လမ်းမပေါ်ရှိ Gandamar Whole sale ရှေ့တွင်
ဖေဖ၀ါရီလ ၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ကျွန်တော်တွေ့ရသလောက်က စူပါဆလွန်းကို တစ်ဖက်ယာဉ်ကြောကနေ ကျော်တက်လိုက်ပြီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက် သွားခဲ့ပါတယ်။ ဒါပေမယ့် လူဒဏ်ရာ ရရှိတာတို့ ဘာတို့တော့ မရှိခဲ့ပါဘူး” Gandamar Whole sale ၌ ဂိတ်ပေါက် တာဝန်ကျသူ တစ်ဦးမှ ပြောသည်။
Credit to : Eleven Media Group

No comments:
Post a Comment