မွန်ပြည်နယ်
၊ ကျိုက်မရော မြို့နယ် ၊ ရေတွင်းကုန်း ကျေးရွာ ၊ မိုင်တိုင် အမှတ် (၁၀/၁)
နှင့် (၁၀/၂) အကြားတွင် မတ်လ ၁၆ ရက်နေ့ နံနက် ၇ နာရီ အချိန်ခန့်က
ကျိုက်မရော မြို့နယ် ၊ ရေတွင်းကုန်း ကျေးရွာ မော်လမြိုင် - ကျိုက်မရော
ကားလမ်းတွင် မော်လမြိုင် ဘက်မှ ကျိုက်မရော မြို့သို့ အမျိုးသား တစ်ဦး
မောင်းနှင်ပြီး နောက်မှ အမျိုးသမီး တစ်ဦး လိုက်ပါ စီးနင်း လာသော ၂၈ယ/၈၈၃၅၂
Alpha Wave 100 အမျိုးအစား အဖြူရောင် ဆိုင်ကယ် နှင့် ကျိုက်မရော ဘက်မှ
မော်လမြိုင် ဘက်သို့ ယာဉ်မောင်း ဦးမဲရောင် မောင်းနှင်ပြီး နောက်မှ
ဦးကျော်လွင် လိုက်ပါ စီးနင်း လာသော ၅ယ/ ၇၁၉၄၇ Honda Dream 125 အမျိုးအစား
အစိမ်းရောင် ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင် တိုက်မိခဲ့ပြီး ၂၈ယ/ ၈၈၃၅၂
ဆိုင်ကယ်အား မောင်းနှင်သူ အမျိုးသား နှင့် နောက်ပါ အမျိုးသမီး တို့ အခင်း
ဖြစ်ပွားရာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၅ယ/ ၇၁၉၄၇ ဆိုင်ကယ်
နောက်မှ လိုက်ပါသူ ဥိးကျော်လွင်မှာ ယာလက်ခုံ ပွန်းပဲ့ ဒဏ်ရာ ၊ ၀ဲပါး
ပွန်းပဲ့ ဒဏ်ရာ ၊ ၀ဲ/ယာ ဒူး ပွန်းပဲ့ ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ သဖြင့်
ဆိုင်ကယ်အား မဆင်မခြင် မောင်းနှင်သူ ဦးမဲရောင် နှင့် အမည်မသိ အမျိုးသား
(သေဆုံး) တို့အား ကျိုက်မရော ရဲစခန်းမှ (ပ) သတင်းချက် အမှတ် ၊ ၅/၂၀၁၃
ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀၄(က) ၊ ၃၃၇ ၊ ၃၃၈ အရ အမှုဖွင့် အရေးယူ
ထားကြောင်း သိရှိရသည်။
The Myawady Daily
The Myawady Daily
No comments:
Post a Comment