၂၃.၇.၂၀၁၃ ရက်နေ့ ၀၉၀၀ အချိန် ဒဂုံတောင်မြို့နယ်၊ ရွာသာကြီး
ရပ်ကွက်၊ ဒီဇင်ဘာအိမ်ယာမုခ်ဦးအ၀င်လမ်း၏ အနောက်ဘက်
ကွင်းထဲတွင် မအေးအေးအောင်၊ ၂၁နှစ်၊ အအေးခန်းစက်ရုံအလုပ်သမ၊ (ဘ)ဦးမြင့်အောင်၊ ဒဂုံမြို့သစ်(အရှေ့)မြို့နယ်နေသူ၏အလောင်းနှင့် ၎င်း၏ ဘေးတွင်မွေးကင်းစ ယောက်ျားကလေးတစ်ဦး အလောင်း
ကိုပါတွေ့ရှိရပြီး အလောင်းများမှာပုတ်ပွလျက်ရှိရသဖြင့် ဒဂုံတောင်မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၃၃/၂၀၁၃)ဖြင့်
ရေးဖွင့်စုံစမ်းစစ်ဆေးခဲ့ရာ မှုခင်းဆရာဝန်ကြီး၏စစ်ဆေးချက်များ
အရလည်းကောင်း၊ သေဆုံးသူ မအေးအေးအောင်နှင့် ချစ်ကြိုက်ပြီး သားမယားအဖြစ် ဆက်ဆံခဲ့သူ ပြည့်ဝအောင်(စုံစမ်းဆဲ)မှ
၁၉.၇.၂၀၁၃ ရက်နေ့ ၂၀၀၀ အချိန်ခန့်တွင် သူမအား လာရောက်
ခေါ်ဆောင်သွားခဲ့ကြောင်း၊ ထိုအချိန်မှစ၍ ပျောက်ဆုံးနေကြောင်း စုံစမ်းစစ်ဆေးသိရှိချက်များအရလည်းကောင်း ဒဂုံတောင်မြို့မရဲစခန်း (ပ)၆၀၂/၂၀၁၃၊ ပုဒ်မ ၃၀၂ ဖြင့် ပြောင်းလဲအရေးယူခဲ့ကာ
ပြည့်ဝအောင်အားဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ပါသည်။
စုံစမ်းရရှိချက်အရ ပြည့်ဝအောင်၊ (ဘ)ဦးမြင့်သန်း၊ အစာစပ်စက်ရုံ
လုပ်သား၊ ရွာသာကြီး၊ ဒဂုံမြို့သစ်(အရှေ့)မြို့နယ် နေသူမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ၀က်လက်မြို့နယ်၊ မျက်နှာပန်းကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သတင်းရရှိသဖြင့် ဒဂုံတောင်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် အရှေ့ပိုင်းခရိုင်အထူးမှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင်များသည် လိုက်လံစုံစမ်းရှာဖွေဖမ်းဆီးခဲ့ရာ ၀က်လက်မြို့နယ်၊
လှတောကျေးရွာ၌ ၂၆.၇.၂၀၁၃ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ပြီး ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိပါသည်။

yangon police
No comments:
Post a Comment