Wednesday, 30 October 2013
အော်တိုပစ္စတိုသေနတ်အား လှည့်ရောင်းချနေသူကို ရဲကဖမ်းဆီးအရေးယူ
အမေရိကန်နိုင်ငံမှထုတ်လုပ်သည့် အော်တို ပစ္စတိုသေနတ်အား
လှည့်လည်ရောင်းချလျက်ရှိကြောင်း စစ်ကိုင်းတိုင်း၊ ကလေးမြို့ မရဲစခန်းရှိ
ရဲဝန်ထမ်းများမှ သတင်းရရှိသဖြင့် ဖော်ထုတ်ဖမ်းဆီးရန် ယခုလ ၂၈ ရက်နေ့ည ၇
နာရီအချိန်ခန့်က ချမ်းမြေ့ အောင်စည်ရပ်ကွက်၊ နတ်သျှင်တောင်လမ်းမကြီးတွင်
စောင့်ဆိုင်းနေခဲ့ရသည်ဟု စုံစမ်းသိရသည်။
ထို့နောက်
နယူးအမ်ဘို 125 အမျိုးအစား နီနက်ကြား ဆိုင်ကယ်တစ်စီးကို အသက် ၅၀
နှစ်ခန့်အရွယ် သရေဂျာကင်ဝတ် လူ တစ်ဦးမှ ၎င်း လမ်းမကြီးအတိုင်း စီးနင်းလာစဉ်
ရဲတပ်ဖွဲ့ဝင်များမှ ရပ်တန့်စစ်ဆေးခဲ့ကြောင်းသိရသည်။ ထိုသို့
စစ်ဆေးရာတွင် ဆိုင်ကယ်စီးနင်းသူမှ ၀တ်ဆင်လာသော သရေဂျာကင် အင်္ကျီအိတ်အတွင်၌
ဝှက်၍ယူဆောင်လာ သည့် မေရိကန်နိုင်ငံလုပ် ပွိုင့် 32
အော်တိုပစ္စတိုသေနတ်ကိုယ်ထည် တစ်လက်၊ အဆိုပါ သေတန်ကိုယ်ထည်တွင် USA – 088661
နံပါတ်များပါရှိသည်ဟု ဖမ်းဆီးရေးအဖွဲ့တွင် လိုက်ပါခဲ့ရသူ လူတစ်ဦးမှ
အတည်ပြုပြောကြားသည်။
ထို့နောက် ဖမ်းဆီးရေးအဖွဲ့သည်
ထိုသူထံ၌ ဆက်လက်၍ ရှာဖွေစစ်ဆေးခဲ့ရာ အဆိုပါ သေနတ်တွင်တပ်ဆင်အသုံးပြုရသည့်
ကျည်အိမ်တစ်ခုအားထပ်မံတွေ့ရှိခဲ့ရသည်။ ၎င်း ကျည်အိမ်အတွင်း၌ WRA -52
ကျည်တစ်တောင့်၊ ပွိုင့် 32 ကျည် သုံးေ တာင့်၊ WRA – 53 ကျည် နှစ်တောင့်
စသည့် ကျည်ဆံများကိုလည်း တွေရှိခဲ့ရသေးဟု ဆိုသည်။
ကလေးမြို့မရဲစခန်းရှိ
နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် လှဟန် က အဆိုပါ တရားမ၀င်
လက်နက်ခဲယမ်းမီးကျောက် ကိုင် ဆောင်သူအား တရားဥပဒေအရ အရေးယူပေးရန်
တရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် ရဲစခန်းက(ပ) ၄၉၆ / ၂၀၁၃ လက်နက် ဥပဒေပုဒ်မ
၁၉(စ) အရ အမှုဖွင့်အရေးယူခဲ့ကြောင်း ရဲဝန်ထမ်းတစ်ဦးမှ အတည်ပြုပြောသည်။
ထိုအမှုကိုလည်း ရဲအုပ် မြင့်စိုး မှ ဆက်လက်၍ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။
အဆိုပါ တရားမ၀င် လက်နက်ကိုင်ဆောင်သူသည်
ကလေးမြို့၊ တာဟန်းရပ်ကွက်၊ နယ်မြေအမှတ်(၅)တွင် နေထိုင်သူတစ်ဦး ဖြစ်ပြီး
ထိုသူမှာ ဆိုက္ကားနင်းခြင်းအလုပ်ကို လုပ်ကိုင်သူတစ်ဦးဖြစ်ကြောင်း
သက်ဆိုင်ရာ၏ မှတ်တမ်းများတွင် ဖော်ပြထား သည်ဟု သိရသည်။
အောက်တိုဘာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment