ယုသန္တာတင်က
ရန်ကင်း resident ကြော်ငြာအတွက် ဒီဇင်ဘာလ ၂၄ရက်နေ့က တရုတ်ပြည် မှာ
ဟောင်ကောင်မင်းသားနဲ့ အတူ ကြော်ငြာရိုက်ကူး ခဲ့ကြောင်း ပြောပါ တယ်။
တရုတ်နိုင်ငံက ဒါရိုက်တာ၊ မင်းသား၊
မိတ်ကပ်အဝတ် အစားတွေနဲ့ ကြော်ငြာရိုက်ကူးခဲ့တဲ့ ယုသန္တာတင်က
သူ့အတွေ့အကြုံတွေနဲ့ပတ် သက်ပြီး “သူတို့နိုင်ငံမှာ က ကြော်ငြာ မရိုက်ခင်
တစ်ရက်ကတည်းက အဲဒီ အတွက် အချိန်ပေးရတယ်။ အဝတ်အစားဝတ်ကြည့်ခိုင်းတယ်။ အဲဒါ
တွေ တော့ ညီမတို့ဆီကနဲ့ကွာခြားသွားတယ်။ ပြီးတော့ ကိုယ်နဲ့တစ်ခါမှ အလုပ်
မလုပ်ဖူးတဲ့သူတွေနဲ့ အလုပ်လုပ်ရတာဆိုတော့ သေချာလေး ရိုက်ကူးခဲ့ ပါတယ်” လို့
ပြောပါတယ်။တရုတ်နိုင်ငံမှာ ကြော်ငြာရိုက် ကူးခဲ့တဲ့ ယုသန္တာတင် ဟာ
မြန်မာပြည်က အနုပညာနဲ့ သိပ်တော့ မကွာခြားကြောင်းပြောပြီး တရုတ်ပြည်
ခရီးစဉ်မှာလေ့လာဖြစ်တာနဲ့ ပတ်သက်ပြီးလည်း”အနုပညာ နဲ့ပတ်သက် ပြီး
သိပ်တော့မကွာခြားပါဘူး။ ဘယ်မှသွားပြီးလည်း မလေ့လာ ဖြစ်ခဲ့ပါဘူး။ Shooting
မှာပဲ ရှိတယ်။ အေးလည်း အေးတော့ ဘယ်မှ မသွားဖြစ်ပါဘူး။ မျှော်စင် တို့လောက်
ပဲ သွားဖြစ်ခဲ့တယ်။ ဟိုမှာရိုက်ရတဲ့ အတွက် location တွေ အသစ်ကြည့်ရတာ ပေါ့”
လို့ ပြောပြခဲ့ပါတယ်။
From: Popular Journal
From: Popular Journal

No comments:
Post a Comment