ဧဒင်အချစ်ပုံပြင်: ပြည်တွင်းသတင်း

Wednesday, 30 November 2011

ပြည်တွင်းသတင်း

ဆုတောင်းပြည့်သည့် ယုံကြည်ချက်ဖြင့် ထိုင်းလူမျိုးများ ရွှေတိဂုံစေတီတော်သို့ လာရောက်ခြင်းဖြစ်


ရွှေတိဂုံစေတီတော်သို့ ဧည့်နိုင်ငံခြားသားများ တက်ရောက်မှုကို နိုဝင်ဘာလလယ်ပိုင်းက တွေ့ရစဉ်

ရွှေတိဂုံစေတီတော်သို့ ဧည့်နိုင်ငံခြားသားများ တက်ရောက်ကြမှုများ အနက် ထိုင်းလူမျိုးများမှာ ဆုတောင်း ပြည့်သည်ဆိုသော ယုံကြည်ချက်ဖြင့်
လာရောက်ကြခြင်း ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့မှ သတင်းရရှိပါသည်။

ယခုအချိန်ကာလသည် ပွင့်လင်း ရာသီကာလဖြစ်သည့်အတွက် ရွှေတိဂုံ စေတီတော်သို့ ဧည့်နိုင်ငံခြားသားများ တက်ရောက်မှုမှာလည်း ယခင်ကာလများထက် ပိုမိုများပြားလာပြီဖြစ်ရာ ယင်းသို့လာရောက်ကြသည့် ဧည့်နိုင်ငံခြားသားများတွင်လည်း ထိုင်းလူမျိုးများမှာ အခြားလူမျိုးများထက် တစ်နှစ်ပတ်လုံး အများဆုံးဖြစ်သည်။

“ရွှေတိဂုံစေတီတော်ကို ဧည့်နိုင်ငံခြားသားတွေကို စိတ်ကူးအမျိုးမျိုး နဲ့လာကြတယ်။ အဲဒီလိုလာကြတဲ့ အထဲမှာ အာရှတိုက်သားအများစုက ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တဲ့အလျောက် သူတို့ရဲ့ယုံကြည်ချက်တွေနဲ့ ရွှေတိဂုံ စေတီတော်ကို လာဖူးကြတယ်။ တခြားအနောက်နိုင်ငံသား ဗုဒ္ဓဘာသာဝင်တွေကတော့ ဘာသာရေးယုံကြည်ချက်နဲ့ လာဖူးမြော်ကြတာရှိသလို တရားလာထိုင်တာတို့၊ လှူဒါန်းမှုပြု ကြတာတွေပါရှိတယ်။ တခြားနိုင်ငံသားတွေကတော့ ရွှေတိဂုံစေတီတော်မှာရှိတဲ့ ဗိသုကာလက်ရာတွေ၊ မြန်မာ လူမျိုးတွေရဲ့မင်းအဆက်ဆက်၊ ခေတ်အဆက်ဆက် စေတီပြုပြင်မှုတွေ၊ လှူဒါန်းမှုတွေနဲ့ ရွှေတိဂုံဘုရားကြီး ရဲ့ သမိုင်းကြောင်းဆိုင်ရာတွေကို စူးစမ်းလေ့လာချင်လို့ လာကြတာများတယ်။ ဒါပေမဲ့ အဲဒီအထဲမှာ ထိုင်းလူမျိုးတွေကတော့ ရွှေတိဂုံစေတီတော်ဟာ ဆုတောင်းပြည့်တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ လာကြတာများတယ် ဆိုတာကို ဧည့်လမ်းညွှန်တွေကနေ တစ်ဆင့်သိရှိရပါတယ်။ ပြီးတော့ ထိုင်းလူမျိုးတွေက သောကြာနေ့မျိုးဆိုရင် ပိုအလာများကြတယ်”ဟု ရွှေတိဂုံ စေတီတော် ဂေါပကအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...